ဈေးကွက်ဈေးနှုန်း

အမျိုးသားပို့ကုန်မဟာဗျုဟာ၏ကဏ္ဍအလိုက်ရုံးအဖွဲ့များနှင့်အပါတ်စဉ်ပုံမှန်ညှိနှိုင်းဆွေးနွေးခြင်းမှတ်တမ်း

Last Updated:

အမျိုးသားပို့ကုန်မဟာဗျူဟာအကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုယူနစ်(ရန်ကုန်ရုံး)၏ တနင်္လာနေ့ ပုံမှန်အစည်းအဝေးအား (၄.၂.၂၀၁၉) ရက်နေ့ နေ့လည် (၁၂:၀၀) မှ ( ၁၃:၀၀) အချိန်ထိ ကမ်းနားလမ်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပဉ္စမထပ်ရှိ NES ယူနစ်ရုံး တွင် ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် NES ဝန်ထမ်းများအပါ အဝင်စုစုပေါင်း (၁၂)ဦးတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်  NES ၏ လက်ထောက် ညွှန်ကြားရေးမှူးမှ NES လုပ်ငန်းတာဝန်များ၊ ယခင်အပတ်မှဆွေးနွေးတင်ပြချက်များနှင့်ယခု တင်ပြမည့်အချက်အလက်များကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။

ဆက်လက်၍  စိုက်ပျိုးရေးဦးစီးဌာနမှ တက်ရောက်သူအား စိုက်ပျိုးရေးဌာနမှ ဆန်တင်ပို့မှုစာရင်း များအား လစဉ်ပေးပို့နိုင်ရေးပြောကြားပြီး အစည်းအဝေးအား (၁၃:၀၀) အချိန်တွင်ရပ်နားခဲ့ပါသည်။

 

NES  Unit