International News

ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ (၄) ရက်နေ့အတွင်း ရာဘာတုဈေးကွက် အခြေအနေ

Last Updated:

ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ (၄) ရက်နေ့အတွင်း acrylonitrile- butadiene ရာဘာတုဈေးကွက်မှာ အကျပိုင်းတွင် တည် ငြိမ်နေခဲ့ပါသည်။ မတ်လ (၄) ရက်နေ့ရှိ acrylonitrile- butadiene ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၂၃,၇၅၀) ဖြစ်ပါသည်။

မတ်လ (၄) ရက်နေ့ရှိ Lanzhou Petrochemical Company ၏ acrylonitrile-butadiene ရာဘာ N41E ၏ဈေးနှုန်းမှာ တစ်တန် လျှင် ယွမ်ငွေ (၂၂,၈၀၀)၊ acrylonitrile-butadiene ရာဘာ 3305E ၏ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၂၃,၀၀၀)၊   acrylonitrile-butadiene ရာဘာ 3308E  ၏ ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၂၃,၃၀၀)၊ Ningbo shunze Rubber Co., Ltd ၏ acrylonitrile-butadiene ရာဘာ 3355 ၏ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၂၂,၈၀၀) အသီးသီး ဖြစ်ပါသည်။ ရာဘာတုများကို ကုန်ချောထုတ် လုပ်သည့်ဘက်မှ ဝယ်လိုအားဆက်လက်နည်းပါးနေသဖြင့် ဈေးနှုန်းများ အားပျော့နေခြင်းဖြစ်ပါသည်။ လတ်တလောတွင် ဝယ်လို အားသိသိသာသာမြင့်လာခြင်း မရှိသေးဘဲ ရောင်းလိုအားဘက်တွင်လည်း ဖိအားများစွာမရှိသဖြင့် ဈေးအနိမ့်ပိုင်း၌ပင် အတက်အကျ အနည်းငယ်ဖြစ်နေဖွယ်ရှိပါသည်။

အလားတူရက်သတ္တပတ်အတွင်း butadiene ရာဘာတု၏ဈေးနှုန်းမှာမူ ဆက်လက်မြင့်တက်ခဲ့သည်ကို တွေ့ရပါသည်။ မတ်လ (၄) ရက်နေ့တွင် butadiene ရာဘာတု၏ ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၈,၅၁၁) ရှိခဲ့ပြီး၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကထက် (၁.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ SunSirs (၇-၃-၂၀၂၂)

Category: International News