ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏(၃-၂-၂၀၂၀)ရက်နေ့ကုန််စျေးနှုန်းနှင့်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

၃-၂-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင် (၂၇--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဂွနက်(ရိုးရိုး) နှမ်းနက်(စမုံ)၊ နှမ်းနီ၊ နှမ်းညိုကြား စျေးများ အပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၀၀၀ မှ ၁၈၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာယခင် (၂၇--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(၂၀၀၀/-)၊ ပဲနောက် (သေး)(၂၀၀၀/-)၊ ပဲစဉ်းငုံ (သစ်) (၇၀၀/-) ကျပ်စျေးကျကာ ကုလားပဲ (929) (၃၀၀/- ) ၊  ကုလားပဲ (HL )(၃၀၀/- )ကျပ် စျေးတက်ပြီး     ကျန်ပဲမျိုးစုံစျေးများ အပြောင်း အလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််    ယခင် ( ၂၇--၂၀၂၀ ) ရက်စျေးနှုန်း ထက် ၊မြေပဲလုံးဆံဖြူ(လိုင်း) မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ(လိုင်း) မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၂၇..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ ၊မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၂၇.၁.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်းမွှေးဖျာပုံ(၁၀၀၀/-)စျေးတက်ကာ ဧရာပဒေသာခပ်ချက်(အဟောင်း) ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ပခုက္ကူကုန်စည်ဒိုင်တွင်    ယခင် (၂၇--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းစမုံ ရှယ် (၅၀၀၀/-) ၊  နှမ်းစမုံ ပုံမှန် (၁၃၀၀၀/-)    ၊   ပဲစဉ်းငုံ 2020  ( ၇၀၀/- ) ၊  ကုလားပဲ (HL) (၁၀၀/-) ၊      ကုလားပဲ(929) (၁၅၀၀/-)၊ ပဲတီစိမ်းသေး (၃၀၀၀/-)ကျပ် စျေးကျပြီး ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ နှမ်းမျိုးစုံ (၁၀၀) အိတ်၊ပဲမျိုးစုံ(၃၅၀၀)အိတ်နှင့်စီပီပြောင်း(၅၀)အိတ််အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။