International News

အနက်ရောင်ပင်လယ်ဒေသ(Black Sea)စပါးနှင့် ဂျုံဈေးကွက်ဆိုင်ရာ အကြံပေးအဖွဲ့ကြီးဖြစ်သော SovEcon သည် ရုရှား၏ ၂၀၂၅/၂၆ ဂျုံတင်ပို့မှုခန့်မှန်းချက်ကို တန်ချိန် ၀.၆ သန်းလျှော့ချ၍ ၄၆.၈ သန်းတန်သို့ ပြင်ဆင်သတ်မှတ်ခဲ့ပြီး၊ ၂၀၂၆/၂၇ အတွက် ခန့်မှန်းချက်ကို တန်ချိန် ၁.၁ သန်းတိုးမြှင့်၍ ၄၆.၃ သန်းတန်သို့ သတ်မှတ်ခဲ့

Last Updated:

ယခုရာသီ(၂၀၂၅/၂၆)ခန့်မှန်းချက်ကို လျှော့ချရခြင်းမှာ မတ်လအတွင်း အကြီးအကျယ်ဝယ်ယူမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ရက်သတ္တပတ်များအတွင်း တင်ပို့မှုနှုန်းနှေးကွေးလာခြင်းကြောင့်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးဂျုံတင်သွင်းသူနိုင်ငံဖြစ်သော အီဂျစ်သည် ထိုအခြေအ နေ၏အထင်ရှားဆုံးဥပမာဖြစ်ပြီး၊ ၎င်း၏ဝယ်လိုအားသည် နွေရာသီနှောင်းပိုင်းအထိအားနည်းနေမည်ဟု ခန့်မှန်းထားသည်။

နောက်ထပ်စိုးရိမ်ရသည့် အချက်တစ်ခုမှာ တူရကီဖြစ်သည်။ SovEcon ၏ အဆိုအရ တူရကီနိုင်ငံ၏ ပြည်တွင်းဂျုံထွက်နှုန်းသည် တန်ချိန် ၂၂–၂၃ သန်း(သို့မဟုတ် ထိုထက်ပိုနိုင်)များပြားမည်ဟု မျှော်လင့်ထားသော ကြောင့်၊ တူရကီသည် ဂျုံတင်သွင်းမှုကို လအနည်းငယ်ကြာရပ်ဆိုင်းနိုင် ခြေရှိသည် ဟုဆိုသည်။

ထို့အပြင် ရုရှားရူဘယ်ငွေကြေးတန်ဖိုးမြင့်တက်လာခြင်းကလည်း ရုရှား ၏ဂျုံတင်ပို့မှုယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေသည်။ အမေရိကန်ဒေါ်လာနှင့် ရူဘယ်လဲလှယ်နှုန်း(USD/RUB)သည် မေလတွင် ၇၁ ခန့်သို့ကျဆင်းခဲ့ပြီး၊ မတ်လအမြင့်ဆုံးအဆင့်နှင့်နှိုင်းယှဉ်ပါက ၂၀% နီးပါးလျော့နည်းခဲ့သည်။

SovEcon သည် ၂၀၂၆/၂၇ ရုရှားဂျုံတင်ပို့မှု ခန့်မှန်းချက်ကိုလည်း ၁.၁ သန်းတန်တိုးမြှင့်၍ ၄၆.၃ သန်းတန်သို့ပြင်ဆင်ခဲ့သည်။ အကြောင်းရင်းမှာ ယခင်ရာသီမှ လက်ကျန်စတော့များပိုမိုများပြားလာမည်ဟု မျှော်လင့်ခြင်းနှင့် ဂျုံထွက်နှုန်း ပိုမိုကောင်းမွန်လာနိုင်ခြင်းတို့ဖြစ်သည်။

ပြောင်း (Corn) တင်ပို့မှု ခန့်မှန်းချက်

  • ၂၀၂၅/၂၆ : ၄.၃ သန်းတန်
  • ၂၀၂၆/၂၇ : ၃.၆ သန်းတန်

စုစုပေါင်း သီးနှံတင်ပို့မှု (Total Grain Exports)

  • ၂၀၂၅/၂၆ : ၅၈.၀ သန်းတန်
  • ၂၀၂၆/၂၇ : ၅၅.၇ သန်းတန်

SovEcon အကြီးအကဲ Andrey Sizov က -

"အနီးကပ်ကာလတွင် ဝယ်ယူသူများ၏ စိတ်ဝင်စားမှုလျော့နည်းလာခြင်းနှင့် ရူဘယ်ငွေတန်ဖိုးမြင့်တက်လာခြင်းကြောင့် တင်ပို့မှုအခြေအနေများမှာ ယခင်ထက် အဆင်မပြေတော့ပါ။ ထိုအခြေအနေကြောင့် ရုရှားတွင် ရာသီသစ်သို့ ကူးပြောင်းချိန် လက်ကျန်စတော့များ ပိုမိုများပြားလာမည်ဖြစ်ပြီး ၂၀၂၆/၂၇ တွင် တင်ပို့နိုင်စွမ်း ပိုမိုကောင်းမွန်လာစေနိုင် သည်။ ထို့ပြင် ရုရှား၏ ပမာဏများသော ထောက်ပံ့မှုနှင့် ယူကရိန်း၏ ပုံမှန်ထက် မြင့်မားသော လက်ကျန်စတော့များသည် ရာသီသစ်တွင် ဈေးနှုန်းကျဆင်းစေမည့်(bearish)အဓိကအချက်များဖြစ်လာနိုင်သည်။"

Source: : https://millermagazine.com

(အောင်ဖြိုးထွဋ်။ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News