ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့် (၂၁-၇-၂၀၂၀)ရက်နေ့ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၁၄--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းနက်(စမုံ)သစ်ရေဆင်း(၁၅၀၀၀/-) ၊ ဂွနက်ရိုးရိုး(၅၀၀၀/-)၊ နှမ်းဖြူ(မကွေး) (၅၀၀၀/-) (၁၀၀၀၀/-) ၊နှမ်းဖြူရေသွင်း (၄၀၀၀/-) (၈၀၀၀/)၊ နှမ်းနီ(၅၀၀၀/-) ၊နှမ်းညိုကြား (၃၀၀၀/-) စျေးတက်ကာ အရောင်း အဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၃၅၀ မှ ၆၅၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၁၄--၂၀၂၀) ရက် နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ကုလားပဲ(929)(၁၀၀/) ၊ကုလားပဲသေး(၃၀၀/-)၊ မတ်ပဲ (၅၀၀/-)ကျပ် စျေးကျကာ ပဲတီစိမ်း(၂၅၀၀/-)၊  ပဲထောပတ် (၁၂၀၀/) ၊ပဲစဉ်းငုံသစ်(၅၀၀/-)ကျပ် စျေးတက်ပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက် ရှိပါ သည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်(၁၄--၂၀၂၀)ရက် စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ(လိုင်း) (၁၅၀/)၊မြေပဲလုံးဆံဖြူ(လုပ်ငန်းသုံး)(၁၀၀/)ကျပ်စျေးကျကာအရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ(၁၄..၂၀၂၀) ရက်နေ့နှင့် နှိုင်းယှဉ်ပါက စားအုန်းဆီ ၊ (၈၀/-)ကျပ်စျေးတက်ပြီးနှမ်းဆီ ၊မြေပဲဆီ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။

 

ဆန်

          ဆန်စျေးအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၄..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း)(၁၅၀၀/-) ၊ ပေါ်ဆန်းမွေး(ဖျာပုံ)(၁၀၀၀/-)ကျပ်စျေးတက်ကာ၊ ပေါ်ဆန်းမွေး(ရွှေဘို) ဆန်စျေး အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။