ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့် (၂၅-၈-၂၀၂၀)ရက်နေ့ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၁၉--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဂွနက်(ရိုးရိုး)(၅ဝဝဝိ/-)၊ နှမ်းဖြူ (မကွေး)(၁ဝဝဝိ/-)၊ နှမ်းဖြူ(ရေသွင်း)(၂၀၀၀ိ/-)၊ နှမ်းညိုကြား(၁ဝဝဝိ/-)ကျပ် ကျပ်စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက်( ၄၅၀ မှ ၅၅၀ )ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင်(၁၉--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်း(၁ဝဝဝိ/-)၊ ကုလားပဲ (929)(၃၀ဝိ/-)၊ ကုလားပဲ(HL)(၃ဝဝိ/-)၊ ပဲစဉ်းငုံနီ(သစ်)(၅ဝဝိ/-)၊ ပဲစဉ်းငုံနီ(ဟောင်း)(၂ဝဝိ/-)ကျပ်တို့ဖြင့် ဈေးကျကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့်် ယခင်(၁၉--၂၀၂၀)ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ(လိုင်း)  မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲတောင့်မျိုး(နီ)နှင့် မြေပဲဆံဖြူ(လုပ်ငန်းသုံး)ဈေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၁၉..၂၀၂၀)ရက်နေ့နှင့် နှိုင်းယှဉ်ပါက နှမ်းဆီ (၃၀၀ိ/-)၊ စားအုန်းဆီ(၂၀ိ/-)ကျပ်စျေးကျကာ မြေပဲဆီစျေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

 

ဆန်

          ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၁၉..၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်းမွှေး(ရွှေဘို)(၄ဝဝဝိ/-)ကျပ်ဈေးတက်ပြီး ကျန်ဆန်ဈေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။