ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့်(၂၂-၆-၂၀၂၀)ရက်နေ့ ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၁၅--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(သစ်)‌(၁၀၀၀၀/-)၊ ဂွနက်(ရိုးရိုး)(၅၀၀၀/-)ကျပ်စျေးတက်ပြီးနှမ်းဖြူ(၃၀၀၀/-)(၂၀၀၀/-) နှမ်းဖြူ(ရေသွင်း)(၁၀၀၀/-)၊ နှမ်းနီ(၁၀၀၀/-)၊နှမ်းညိုကြား(၂၀၀၀/-)ကျပ်စျေးကျကာ ကျန်နှမ်းစျေးနှုန်းများအပြောင်းအလဲမရှိဘဲ  အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၅၀ မှ ၃၅၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၁၅--၂၀၂၀) ရက် နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကကုလားပဲ (929) (၃၀၀/-) ၊ ကုလားပဲ (HL) (၅၀၀/-)၊ ပဲစဉ်းငုံ  (သစ်) (၇၀၀/-) ၊ပဲစဉ်းငုံ  (ဟောင်း) (၁၀၀၀/-)၊ မတ်ပဲ  (၁၀၀၀/-) ၊ စားတော်ပဲ(၂၅၀၀/-)  ကျပ် စျေးတက်ပြီး ပဲထောပတ် (၆၀၀/-)  စျေးကျကာ ကျန်ပဲမျိုးစုံ စျေးများ  အပြောင်းအလဲ    မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါ သည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၁၅--၂၀၂၀ )ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ(လိုင်း) ၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)၊  မြေပဲလုံးဆံနီ (လိုင်း)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၅..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ(၃၀/-)စျေးတက်ကာ  နှမ်းဆီ ၊မြေပဲဆီ စျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။