ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့်(၂၃-၆-၂၀၂၀)ရက်နေ့ ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၁၆--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(သစ်)‌(၁၀၀၀၀/-)၊ ကျပ်စျေးတက်ပြီးနှမ်းဖြူ(၄၀၀၀/-)(၃၀၀၀/-) နှမ်းဖြူ(ရေသွင်း)(၁၀၀၀/-)၊ နှမ်းနီ(၃၀၀၀/-)၊ နှမ်းညိုကြား(၂၀၀၀/-)ကျပ်စျေးကျကာ ကျန်နှမ်းစျေးနှုန်းများအပြောင်းအလဲမရှိဘဲ  အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၅၀ မှ ၃၀၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၁၆--၂၀၂၀) ရက် နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကကုလားပဲ (929) (၃၀၀/-)၊ ကုလားပဲ (HL) (၈၀၀/-)၊ ပဲစဉ်းငုံ  (သစ်) (၇၀၀/-) ၊ပဲစဉ်းငုံ  (ဟောင်း) (၁၀၀၀/-)၊ မတ်ပဲ  (၁၃၀၀/)၊ စားတော်ပဲ(၂၅၀၀/-)  ကျပ် စျေးတက်ပြီး ပဲထောပတ် (၁၃၀၀/-)  စျေးကျကာ ကျန်ပဲမျိုးစုံ စျေးများ  အပြောင်းအလဲ    မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါ သည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၁၆--၂၀၂၀ )ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ(လိုင်း) ၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)၊  မြေပဲ လုံးဆံနီ (လိုင်း)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၆..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ(၃၀/-)စျေးတက်ကာ  နှမ်းဆီ ၊မြေပဲဆီ စျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။