မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၁၈-၆-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းဂွနက်/ရိုးရိုး(၁၀၀၀၀/-)နှမ်းဖြူ (၂၀၀၀/-)၊နှမ်းဖြူရေသွင်း(၁၀၀၀/-) နှမ်းနီ(၃၀၀၀/-)၊ နှမ်းညိုကြား(၂၀၀၀/-)ကျပ်စျေးကျကာ ကျန်နှမ်းစျေးနှုန်းများအပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၅၀ မှ ၃၀၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၈-၆-၂၀၂၀) ရက် နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကကုလားပဲ (929) (၆၀၀/-)၊ ကုလားပဲ (HL) (၇၀၀/-)၊ ကုလားပဲသေး (၃၀၀/-) ၊ ပဲစဉ်းငုံ (သစ်) (၁၀၀၀/-)၊ ပဲစဉ်းငုံ (ဟောင်း) (၁၀၀၀/-)၊ မတ်ပဲ (၅၀၀/)၊ စားတော်ပဲ(၂၅၀၀/-) ကျပ်စျေးတက်ပြီး ပဲတီစိမ်း(၁၅၀၀/-)၊ ပဲထောပတ် (၁၃၀၀/-) စျေးကျကာ ကျန်ပဲမျိုးစုံ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၁၈-၆-၂၀၂၀ )ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက မြေပဲ လုံးဆံနီ (လိုင်း)(၅၀/-) ၊မြေပဲလုံးဆံဖြူ(လိုင်း)(၅၀/-)စျေးတက်ကာ ၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၈.၆.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ(၃၀/-)စျေးတက်ပြီး နှမ်းဆီ(၂၀၀/-)စျေးကျကာ ၊မြေပဲဆီ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။