Local News

မတ်ပဲဈေးတည်ငြိမ်လျက်ရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းများ ယခင်သီတင်းပတ်ဈေးနှုန်းအတိုင်း ဆက်လက်ရှိ နေကြောင်းသိရသည်။ မတ်ပဲ နှင့်ပဲမျိုးစုံဈေးနှုန်းများသည် နေ့စဉ်အတက်အကျအနည်းငယ် ဈေး လှုပ်ရှားလျှက်ရှိသော်လည်း အတက်အကျမကြမ်းပဲ ဈေးတန်းတစ်ခုတွင် တည်ငြိမ်နေသကဲ့သို့ ဖြစ်နေသည်။

တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ စက်တင်ဘာလ ၂၄ ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၆၆၁၀၀၊ ၂၅ / ၂၆ / ၂၇ ရက်နေ့များတွင် ကျပ် ၆၅၅၀၀ ၂၈ ရက်နေ့တွင် ကျပ် ၆၄၅၀၀ အသီးသီးဖြစ်ပါသည်။

အိန္ဒိယနိုင်ငံပြည်တွင်းဈေးကွက်သို့လည်း မတ်ပဲအသစ်များအဆင်မပြတ်ဝင်လျှက်ရှိသည်။ ပွဲတော်ရက် ရက်ကာလအပြီးတွင် အသစ်ဝင်ရောက်လာသောမတ်ပဲဈေးနှုန်းများလည်း ပုံမှန် အတိုင်းဖြစ်ပြီး မဒရာပရာဒေ့ရှ် ပြည်နယ်တွင် မတ်ပဲအသစ် ကွမ်တယ်လျှင် Rs 100 ဈေးတက် လာသည်မှအပ ကျန်ပြည်နယ်များတွင် ဈေးတည်ငြိမ်နေသည်။

မြန်မာမတ်ပဲ FAQ တစ်တန်လျှင် FOB ဈေးနှုန်း $775-780 ဖြစ်ပြီး မတ်ပဲ SQ တစ်တန်လျှင် FOB ဈေးနှုန်း $930 ဖြင့် အိန္ဒိယနိုင်ငံသို့တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရသည်။

Category: Local News