International News

မတ်လ (၉) ရက်နေ့တွင် စားအုန်းဆီဈေးနှုန်းများ ဆက်လက်မြင့်တက်လာ

Last Updated:

မတ်လဆန်းမှစ၍ တရုတ်နိုင်ငံအစိုးရက အရန်သိုလှောင်မှုပြုလုပ်ရန် ပဲပုပ်ဆီများကို လေလံခေါ်ယူမှု၏ ရိုက်ခတ်မှုကြောင့် စားအုန်း ဆီဈေးကွက်မှာလည်း  မတ်လ (၇) ရက်နေ့မှနောက်ပိုင်းတွင် အတက်ဘက်သို့ ပြန်လည်ရောက်ရှိလာပါသည်။  မလေးရှားနိုင်ငံ ဘက်၌ ရောင်းလိုအားအကန့်အသတ်ရှိနေဆဲဖြစ်ရာ မတ်လ (၉) ရက်နေ့တွင် တရုတ်ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သည့် စားအုန်းဆီ လက်ငင်းအရောင်းအဝယ်ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၁၃,၈၆၀) ဖြစ်လာပါသည်။ ရေတိုကာလ၌ တရုတ်ပြည်တွင်း စားအုန်း ဆီဈေးနှုန်းများမှာ အမြင့်ပိုင်းတွင် အတက်အကျ ဆက်လက်ဖြစ်ပေါ်နေဖွယ်ရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ SunSirs (၁၀-၃-၂၀၂၂)

Category: International News