International News

မဟာပင်လယ်ကွေ့ဒေသမဟာစီမံကိန်းတွင် အကျုံးဝင်စေမည့် ဘဏ္ဍာရေး စီမံကိန်းများ အား ဟောင်ကောင်နှင့် မကာအိုဒေသတို့အတွက် တရုတ်နိုင်ငံမှ ဆောင်ရွက်ပေးသွား မည်ဟု ကြေညာခြင်း

Last Updated:

ကမ္ဘာ့အကြီးဆုံးစီးပွားရေးဒေသများထဲမှတစ်ခုအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာပင်လယ်ကွေ့‌ဒေသ (Greater Bay Area-GBA) စီမံကိန်းအတွက် ဟောင်ကောင်၊ မကာအို‌ဒေသနှင့် ကွမ်တုံးပြည်နယ်ရှိ မြို့ကြီး (၉) မြို့တို့အကြား နယ်စပ်ဖြတ်ကျော် ငွေကြေးဝန်ဆောင်မှုများ၊ ငွေလွှဲပြောင်းပေးပို့မှုများနှင့် ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံဗဟိုဘဏ်နှင့် ဘဏ္ဍာရေးစည်းမျဉ်းရေးဆွဲသူတို့မှ စီမံကိန်း‌ရေးဆွဲအကောင်အထည်ဖော်‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းတွင် ဟောင်ကောင်နှင့် မကာအိုဒေသတို့၌ အခြေချနေထိုင်သူများအနေဖြင့် GBA ဒေသရှိ တရုတ်ဘဏ်များမှ ရောင်းချသည့် ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှု ပစ္စည်းများအား ဝယ်ယူနိုင်သကဲ့သို့ ကွမ်တုံးပြည်နယ်ရှိမြို့များတွင် အခြေချနေထိုင်သူများ အနေဖြင့်လည်း ဟောင်ကောင်နှင့် မကာအိုဘဏ်တို့မှ ရောင်းချသည့် ပိုင်ဆိုင်မှုဆိုင်ရာစီမံခန့်ခွဲမှု ပစ္စည်းများအား ဝယ်ယူခွင့်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်မှာ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်ဒေသ တို့အကြား ၂၀၁၄ ခုနှစ်မှ စတင်ခဲ့သည့် နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်၏ စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်သည် ငွေကြေးဈေးကွက် (၂) ခု၏ စတော့ရှယ်ယာများနှင့် စာချုပ်များအကြား ပိုမိုခိုင်မာသည့် ချည်နှောင်မှုတစ်ခုဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ်မှာ ချမ်းသာကြွယ်ဝသည့် ဟောင်ကောင်လူမျိုးများ၏ ပိုင်ဆိုင်မှုများအား GBA ဒေသတွင်ရင်းနှီးမြှုပ်နှံရန် အလားအလာကောင်းများရှိသကဲ့သို့ တရုတ်နိုင်ငံသားများအတွက်လည်း ရင်းနှီးမြှုပ်နှံရာ တွင် ရွေးချယ်မှုများ ပြုလုပ်နိုင်ရန် ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်မှုမှာ GBA ဒေသရှိမြို့ကြီးများနှင့် ဟောင်ကောင်နှင့် မကာအိုဒေသတို့အကြား ပိုမိုနီး ကပ်စွာဆောင်ရွက်နိုင်မည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ GBA ဒေသရှိ မြို့ကြီး (၁၁) မြို့တွင် လူဦးရေသန်း(၇၀) ခန့်ရှိပြီး အမေရိကန်ဒေါ်လာ (၁.၅)ထရီလီယံ သုံးစွဲမည့် စီးပွားရေးစီမံကိန်းမှာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးတွင် အဆင့် (၁၃) ၌ရှိပြီး တောင်ကိုရီးယားနှင့် စပိန်နိုင်ငံတို့ကြားတွင်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်နိုင်ငံတောင်ပိုင်း၏ ထုတ်လုပ်မှုစွမ်းအားများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် အဆင့်မြင့်နည်းပညာများဖြင့် ပူးပေါင်းဆောင်ရွက်၍ ရှန်းကျန့်မြို့ကို ယှဉ်ပြိုင်နိုင် စွမ်းရှိသည့် ဆီလီကွန် Villey  ဒေသအဖြစ် ဖွံ့ဖြိုးတိုးတက်ရန် တရုတ်အစိုးရမှ မြှင့်တင်နိုင်ရန်ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါစီမံကိန်း ရေးဆွဲပြီးနောက် ရှန်းကျန့် ဒေသ၊ ချန်ဟိုင်း (Qianhai) ခရိုင်ရှိ အိမ်ယာမြေအား အမေရိကန်ဒေါ်လာ (၁.၆၃) ဘီလီယံ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း၊ Hong Kong’s Securities and Futures Commission (SFC) အနေဖြင့် GBA ဒေသတစ်လျှောက် စတော့ရှယ်ယာများ၊ စာချုပ်များနှင့် ငွေကြေးဆိုင်ရာပစ္စည်းများနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံ မှုများ၌ အမေရိကန်ဒေါ်လာ (၁.၇၈) ထရီလီယံ ရောင်းချခွင့်ရှိကြောင်း၊ ဟောင်ကောင်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအသင်း (Hong Kong Investment Funds Association- HKIF) မှလည်း အဆိုပါအစီအစဉ်အား ကြိုဆိုကြောင်း၊ SFC အစီအစဉ်မှာ ရင်းနှီးမြှုပ်နှံမှုများအား ကျယ်ပြန့်စွာရွေးချယ်ရန် အခွင့်အလမ်းများစွာရှိကြောင်းနှင့် ရင်းနှီး မြှုပ်နှံသူများအတွက်လည်း အကာအကွယ်ပေးမှုများရှိကြောင်း၊ ဟောင်ကောင်အာမခံကုမ္ပဏီများအားလည်း GBA ဒေသတွင်ဝန်ဆောင်မှုလုပ်ငန်းများ တည်ထောင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း၊ အဆိုပါအဆိုအစီအစဉ်မှာ COVID-19 ဖြစ်ပွားစဉ် ကာလအတွင်း ပြည်မကြီးမှ တရုတ်များ ဟောင်ကောင်ဒေသသို့ ဝင်ရောက်ရန် ကန့်သတ်မှုများ ခံရစဉ်ကာလအတွင်း အဆင်မပြေမှုများအား ကျော်လွှားနိုင်ရန် ကူညီပံ့ပိုးရာရောက်မည်ဟု ဟောင်ကောင်အာမခံလုပ်ငန်းအဖွဲ့ချုပ် (Hong Kong Federation of Insurers –HKFI) မှ ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၁၆ ခုနှစ်တွင် ပြည်မကြီးမှတရုတ်များ ဟောင်ကောင်ဒေသ၌ အာမခံဝယ်ယူမှုများမှာ ဟောင်ကောင်ဒေါ်လာ (၇၂.၆၈) ဘီလီယံ / အမေရိကန် ဒေါ်လာအားဖြင့် (၉.၄) ဘီလီယံရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်ဒေသ၌ အစိုးရဆန့်ကျင်ဆန္ဒပြမှုများနှင့် တရုတ်ငွေကြေးများ ပြည်ပသို့ထွက်ရှိမှု စည်းမျဉ်းများ တင်းကြပ်မှုကြောင့် ဟောင်ကောင်၏ အာမခံဝယ်ယူမှုမှာ ဟောင်ကောင်ဒေါ်လာ (၄၃.၄) ဘီလီယံသို့ ကျဆင်းသွားကြောင်း၊ စီမံကိန်း၏ အခြားသောကဏ္ဍများမှာ ဟောင်ကောင်နှင့် မကာအိုဒေသတို့၌ တရုတ်ယွမ်ရောင်းဝယ်မှု စီးပွားရေးလုပ်ငန်းများအတွက် ပံ့ပိုး‌ပေးရန်တို့ပါဝင်ပြီး ဟောင်ကောင်ဒေသအား ငွေကြေးအချက်အချာကျသည့်ဒေသ အနေဖြင့် ခိုင်မာနေစေမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ဘဏ်ချေးငွေများအား ပံ့ပိုးကူညီခြင်းဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiatives- BRI) အား ပံ့ပိုးသွားရန် ယွမ်ငွေကြေးများဖြင့် ရန်ပုံငွေထူထောင်နိုင်ရန် အနာဂတ်တွင် ကွမ်ကျိုး၌ ငွေကြေးစင်တာအား တည်ထောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်မှာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ တရုတ်ယွမ်‌ငွေ (Renminbi-RMB) အား နိုင်ငံတကာငွေကြေးအဖြစ် ပိုမိုနက်ရှိုင်းစွာ ပါဝင် နိုင်ရေးနှင့် GBA ဒေသ၌ ငွေကြေးစီးဆင်းမှုများ အရှိန်မြန်ဆန်ရန် (Green Finance) နှင့် ငွေကြေးဆက်သွယ်မှုများအား ပိုမိုမြှင့်တင်နိုင်ရန် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသ HSBC ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Peter Wong Tung –shun ၏ ရေးသားဖော်ပြချက်တွင် GBA ဒေသသည် နယူးယောက်မြို့‌တော်၊ ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ဒေသနှင့် တို့ကျိုပင်လယ်ကွေ့ဒေသတို့ကဲ့သို့ အောင်မြင်သည့် စီးပွားရေးဒေသများအား ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စံနှုန်းထားများရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “China unveils financial plan for Hong Kong, Macau to spur tighter embrace of Greater Bay Area master plan” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထား ပါသည်။

         

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News