Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်း နှိုင်းယှဉ်မှုများ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ်အတွင်း တစ်တင်းလျှင် နှမ်းဖြူ တစ်တင်းလျှင် (၉၅၀၀၀-၁၀၀၀၀၀)ကျပ်၊ နှမ်းနက် (၈၀၀၀၀မှ၉၅၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၄၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းနက် တစ်တင်းလျှင် (၉၃၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၅၀၀၀-၈၀၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၉၀၀၀) ကျပ် ပေါက်ဈေးရှိပြီး  ယခုတစ်ပတ် တွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းဖြူနှင့်  နှမ်းညို တစ်တင်းလျှင် (၅၀၀၀)ကျပ် မြှင့်တက်လာမကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၂၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၄၀၀)ကျပ်၊လုံးဆံနီ တစ်ပိဿာ (၆၁၅၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်းကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၇၀၀မှ၆၅၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ(၅၈၀၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၆၂၀၀)ကျပ်ပေါက်ဈေးရှိပါသည်။  ယခင်တစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက လုံးဆံဖြူ တစ်ပိဿာ (၅၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ(၄၀၀) ကျပ်ခန့် ကျဆင်းသွားကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News