Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ၏ ယခင်လကုန်နှင့်ယခုလကုန် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဂျုံ

ယခုလကုန် ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် (၆၆၀၀၀-၆၇၀၀၀) ကျပ်၊ ဂျုံထွက်တိုးတစ်တင်းလျှင် (၆၃၀၀၀) ကျပ် ပေါက်ဈေးရှိပါသည်။ ယခင်လကုန်း ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၄၀၀၀-၅၅၀၀၀) ကျပ်၊ဂျုံထွက်တိုး တစ်တင်း (၅၃၀၀၀) ကျပ်ရှိ၍ ယခုလကုန် ကာလတူပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင်(၁၂၀၀၀)ကျပ်ခန့်နှင့် ဂျုံထွတ်တိုးတစ်တင်းလျှင်(၁၀၀၀၀)ကျပ်ခန့်ဈေးမြင့်လာကြောင်းသိရပါသည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၃၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်လကုန်ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၃၅၀၀) ကျပ်ရှိ၍   ယခုလကုန်   ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၅၀၀) ကျပ် ကျဆင်းလာကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၈၀၀၀  ကျပ်၊ ယခင်လကုန် ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၅၂၀၀၀ ကျပ် ရှိပါသည်။ ယခုလကုန် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၄၀၀၀)ကျပ်ခန့် ကျဆင်းကြောင်းသိရပါသည်။

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၂၅၀၀)ကျပ်၊ 929  (၅၈၅၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်လကုန် ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၆၇၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၆၇၀၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၆၂၅၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုလကုန် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲဖြူလုံးကြီ တစ်တင်းလျှင် (၅၀၀၀)ကျပ်၊ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၄၅၀၀) ကျပ်နှင့် 929 တစ်တင်းလျှင် (၄၀၀၀)ကျပ်ခန့် ကျဆင်းလာကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊ ပြောင်းနီ၊ ဆန်ပြောင်းဖြူ

ယခုလကုန် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၇၈၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၇၅၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်လကုန် ကာလတူအချိန်တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၇၃၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၇၀၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၈၀၀၀)ကျပ် ရှိ၍ ယခုလကုန် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပြောင်းဖူးစေ့(စီပီ) တစ်တင်းလျှင် (၅၀၀)ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၅၀၀)ကျပ် နှင့်ဆန်ပြောင်းဖြူ တစ်တင်းလျှင် (၅၀၀)ကျပ်ခန့်မြှင့်တက်လာနေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News