Local News

မြင်းခြံကုန်စည်ဒိုင်တွင်မြေပဲဆံအရောင်းအဝယ်အေးဈေးနိမ့်လာ

Last Updated:

.၁၀.၂၀၂၂ မြင်းခြံကုန်စည်ဒိုင်တွင် ၂၀၂၂ခုနှစ်ဩဂုတ်လပထမပတ်မှစ၍ မြေပဲဆံတစ်ပိဿာ ၅၅၀၀/၆၀၀၀ကျပ် ဝန်းကျင် ရှိခဲ့ရာမှ မန္တလေးရှိဆီစက်များနှင့် ပြည်ပဝယ်လက်များတိုက်ရိုက် ဝယ်ယူမှုများလာ၍ စက်တင်ဘာလ ပထမပတ်တွင် ၆၈၀၀/၇၀၀၀ ထိ ‌ဈေးမြင့်တက်လာခဲ့ပြီး စက်တင်ဘာလနောက်ဆုံးပတ်၌ အရောင်းအဝယ်အေးလာပြီး မြေပဲဆံတစ်ပိဿာ၄၈၀၀ မှ၅၆၀၀ အထိဈေးနိမ့်လာခဲ့သည်။                                

မြင်းခြံကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သည့် မြေပဲဆံတစ်ပိဿာဈေးနှုန်းများကို နှိုင်းယှဉ်ပါက S-1 လုံးဆံမှာ ဩဂုတ်လ ပထမပတ်တွင် ၅၅၀၀ကျပ်မှ ၆၂၀၀ကျပ်ထိဖြစ်ခဲ့ပြီးစက်တင်ဘာပထမပတ်တွင်၆၈၀၀ကျပ်မှ၇၀၅၀ထိ ဈေးမြင့်လာပြီး စက်တင်ဘာနောက်ဆုံးပတ်တွင် ၅၂၀၀ ကျပ်မှ ၅၄၀၀ကျပ်ထိဈေးနိမ့်လာသည်။

 S-1 ဆီဆံမှာဩဂုတ်လပထမပတ်တွင် ၅၂၀၀ ကျပ်မှ ၅၉၀၀ ကျပ်ထိဖြစ်ခဲ့ပြီးစက်တင်ဘာပထမပတ်တွင် ၆၀၀၀ ကျပ် မှ ၆၁၀၀ ထိဈေးမြင့်လာပြီးစက်တင်ဘာနောက်ဆုံးပတ်တွင် ၄၈၀၀ကျပ် မှ ၅၄၀၀ ကျပ်ထိဈေးနိမ့်လာသည်။

မြေပြန့်လုံးဆံမှာဩဂုတ်လပထမပတ်တွင်၅၅၀၀ကျပ်မှ၆၂၀၀ကျပ်ထိဖြစ်ခဲ့ပြီးစက်တင်ဘာပထမပတ်တွင် ၆၈၀၀ကျပ်မှ ၆၇၀၀ထိဈေးမြင့်လာပြီး စက်တင်ဘာနောက်ဆုံးပတ်တွင် ဈေးကွက်သို့မြေပြန့်လုံးဆံများဝင်ရောက်မှုမရှိ၍ အရောင်း အဝယ်မရှိကြောင်းမြင်းခြံကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရသိရှိရသည်။                                                  မန္တလေးဆီစက်များ၊ပြည်ပတင်ပို့သည့် ဝယ်လက်များမှတိုက်ရိုက်ဝယ်ယူမှုများသည့် အချိန်တွင်မြင်းခြံဈေးကွက်လည်း အရောင်းအဝယ်သွက်၍ ဈေးမြင့်လေ့ရှိကြောင်းသိရသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန       

Category: Local News