International News

ရုရှားက ယူကရိန်းကို ကျူးကျော်မှု မငြိမ်မသက်ဖြစ်နေချိန်တွင် The Reserve Bank of Australia က အတိုးနှုန်းကို ၀.၁ ရာခိုင်နှုန်းတွင် ထိန်းထားခြင်း

Last Updated:

ရုရှား၏ ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှု၏ နောက်ဆက်တွဲ စီးပွားရေးကျဆင်းမှုကို စောင့်ကြည့်နေသောကြောင့် The Reserve Bank of Australia သည် ယင်း၏အတိုးနှုန်းထားကို ၀.၁ % ထားရှိထားကြောင်း ABC သတင်းကရေးသားဖော်ပြထားသည်။ ဆိုလို သည်မှာ စံသတ်မှတ်ထားသော တရားဝင်အတိုးနှုန်းသည် (၁၇) လအတွင်း ၀.၁ % ဖြင့် တည်ငြိမ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လတွင် RBA သည် မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်သော စီးပွားရေးအချက်အလက်များနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်မှုကို ကိုးကား၍ ၎င်း၏ ဩစတြေးလျဒေါ်လာ ၃၅၀ ဘီလီယံတန်ဖိုးရှိ ငွေချေးစာချုပ်များ ဝယ်ယူခြင်းအစီအစဉ်ကို အပြီး သတ်ခဲ့သည်။ ဆစ်ဒနီ အိမ်ရာတန်ဖိုးများသည် (၁၇) လအတွင်း ယင်းတို့၏ ပထမဆုံးအနည်းငယ်ကျဆင်းမှုကို ၀.၁ % ဖြင့် မှတ်တမ်းတင်ထားသော်လည်း နိုင်ငံတွင်း အိမ်ခြံမြေစျေးနှုန်းများသည် ပြီးခဲ့သည့်လတွင် ၀.၆ % ဖြင့် ထပ်မံမြင့်တက်ခဲ့ကြောင်း CoreLogic Data ဖော်ပြချက်များ ပေါ်ထွက်လာချိန်တွင် ၁-၃-၂၀၂၂ရက်နေ့တွင် The Reserve Bank of Australia ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

CoreLogic ၏ သြစတြေးလျသုတေသနအကြီးအကဲ Eliza Owen က အိမ်ချေးငွေစာချုပ် ပျမ်းမျှတန်ဖိုးအဆင့်မှာ ဒေါ်လာ ၁,၀၀၀ ခန့်နှင့်ညီမျှရာ ကျဆင်းမှုသိပ်မရှိသော်လည်း စျေးကွက်တွင် ရောင်းသူထံမှ ဝယ်သူဈေးကွက်သို့ အနည်းငယ်ပြောင်းသွားသည်မှာ သေချာပါကြောင်း ပြောကြားခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

www.abc.net.au
 

Category: International News