International News

ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့၏ အတိုးနှုန်းလျှော့ချသည့် နည်းဗျူဟာကြောင့် စီးပွားရေး ပြန်လည်ကောင်းမွန်ရန် အရှိန်မြင့်တက်လာနိုင်

Last Updated:

ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့ (Hong Kong Monetary Authority –HKMA) သည် အမေရိကန်ဒေါ်လာ အရန်ရန်ပုံငွေကို အသုံးပြုပြီး  အတိုးနှုန်းကို သုည နီးပါးအထိလျှော့ချကာ ချွတ်ခြုံကျနေသော စီးပွား‌ရေးကို ၂၀၂၂ ခုနှစ်အထိ ပံ့ပိုးထောက်ပံ့သွားမည်ဖြစ်ရာ ဒေသတွင်းသို့ ငွေများပိုမိုဝင်ရောက်လာမည်ဖြစ်ပြီး ငွေလဲနှုန်း အား ပုံသေသတ်မှတ် peg လုပ်ထားနိုင်မှုခိုင်မာနေမည် ဖြစ်ပြီး ဟောင်ကောင်ဒေသ၏ ငွေကြေးတည်ငြိမ်မှုကိုဖျက်စီးရန် ကြိုးစားနေသူများအား အထိနာစေမည် ဖြစ်ကြောင်း၊ COVID-19 နှင့်အမျိုးသားလုံခြုံရေးဥပဒေကြောင့် စိုးရိမ်ပူပမ်နေသော်လည်း အဆိုပါအတိုးနှုန်းသတ်မှတ်မှု နည်းဗျူဟာကြောင့် ဟောင်ကောင်‌ဒေသသို့ လုပ်ငန်းများဝင်ရောက်လာအောင် ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ US Federal Open Market Committee မှ အတိုးနှုန်း သုည (၀) မှ (၂.၅) ရာခိုင်နှုန်းအတွင်းအား ၂၀၂၂ ခုနှစ်အထိ သတ်မှတ်ထားရှိမည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် ဗဟိုဘဏ်မှလည်း အခြေခံအတိုးနှုန်း (၀.၅) ရာခိုင်နှုန်းကို မပြောင်းလဲဘဲထားရှိမည်ဖြစ်ကြောင်း၊ peg-linked စနစ်ကို ဆောင်ရွက်ရာတွင် ဟောင်ကောင်ဒေသသည် အမေရိကန်၏ မူဝါဒဖြစ်သည့် အတိုးနှုန်း သုညရာခိုင်နှုန်းနီးပါးအထိ လျော့ချခြင်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အဆိုပါအတိုးနှုန်း လျှော့ချခြင်းကြောင့် စီးပွားရေးပြန်လည် တိုးတက်ကောင်းမွန်ရန်နှင့် အိမ်ခြံမြေလုပ်ငန်းများ ကောင်းမွန်အောင် ပံ့ပိုး‌ကူညီရာရောက်မည် ဖြစ်ကြောင်း၊ ၁၉၇၄ ခုနှစ်က စတင်မှတ်သားခဲ့သည့်စာရင်းအရဒေသ၏ စီးပွားရေးမှာ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်အတွင်း (၈.၉) ရာခိုင်နှုန်း လျော့ကျသွားသော ကြောင့် အတိုးနှုန်းလျှော့ချပေးခြင်းမှာ စီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးကြောင်း၊ COVID-19 ကြောင့် စီးပွား‌ရေးလုပ်ငန်းများကို ကူညီနိုင်ရန် ဟောင်ကောင် ကုမ္ပဏီ (၃၀,၀၀၀) ကျော်အားချေးထားသည့် ဟောင်ကောင်ဒေါ်လာ (၃၈၀) အတွက်အတိုး ပြန်ဆပ်ရန်ကာလကို (၆) လအထိခွင့်ပြုပေးရန် HKMA မှ ဘဏ်များကို မေတ္တာရပ်ခံခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ ဗဟိုဘဏ်နှင့် အမေရိကန်တို့အကြား အတိုးနှုန်း ကွာဟမှု အခြေခံအချက် (၅၀) ရှိရာ အတိုးနှုန်းနည်းပြီး အမြတ်များစွာ ပြန်ရသည့် (carry trade) ကိုဆောင်ရွက်နိုင်သည့်ဒေသများ၌သာ လုပ်ငန်းရှင်များက လုပ်ကိုင်ဆောင်ရွက်လိုကြကြောင်း၊ ဟောင်ကောင်‌ဒေသတွင်း သို့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းက ဟောင်ကောင်ဒေါ်လာ (၄၈) ဘီလီယံ ဝင်ရောက်ခဲ့ပြီး အမေရိကန် (၁) ဒေါ်လာလျှင် ဟောင်ကောင်ဒေါ်လာ (၇.၇၅) အထက် တွင်ရှိပြီး ၂၁-၄-၂၀၂၀ ရက်နေ့အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ (၁၆) ဆ မြင့်တက်သွားကြောင်း၊ ၁၁-၆- ၂၀၂၀ ရက်နေ့တွင် အမေရိကန် (၁) ဒေါ်လာလျှင် ဟောင်ကောင်‌ဒေါ်လာ (၇.၇၅) မှ (၇.၇၈) အတွင်းရှိခဲ့ကြောင်း၊ အချိူ့သောရင်းနှီးမြှုပ်နှံသူများမှာ ဟောင်ကောင်ဒေါ်လာ ငွေလဲလှယ်နှုန်းအားဖျက်စီးရန် လေလံဆွဲခြင်းတို့ပြုလုပ်ခဲ့ကြောင်း၊ ဟောင်ကောင်ဒေါ်လာငွေကြေး ကျဆင်းရန် မျှော်လင့်နေကြ သော်လည်း ဟောင်ကောင်ဒေါ်လာများ ဒေသတွင်းသို့ ဝင်ရောက်နေမှုကြောင့် ငွေကြေးမှာ ဆက်လက် ခိုင်မာနေမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၂ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Enoch Yiu က “HKMA’s low-interest-rate strategy ‘will speed up recovery” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News