International News

ဟောင်ကောင်ဒေသ၌ လတ်ဆတ်သော စားသောက်ကုန်များ တင်သွင်းမှုမှာ ကမ္ဘာ့ကပ်ရောဂါ ကာလမတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိလာခြင်း

Last Updated:

ဟောင်ကောင်ဒေသ၌ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဝန်ထမ်းအင်အားပြတ်လပ်မှုများနှင့် အခြားသောကဏ္ဍများ၌လည်း အဆင် ပြေချောမွေ့လာပြီဖြစ်သောကြောင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတင်သွင်းမှုမှာ ကမ္ဘာ့ကပ်ရောဂါကာလ မတိုင်မီ အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam က ပြောကြားခဲ့ ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ သတင်းဆောင်းပါး၌ ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam က ပြောကြားခဲ့ရာတွင် တရုတ်နိုင်ငံမှ ပေးပို့သည့် ဆေးဝါးနှင့် အခြားသောဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် တန်ချိန် (၁၀,၀၀၀) ကျော်ရှိသော ကုန်ပစ္စည်းများအား ဟောင်ကောင်ဒေသ အနေဖြင့် လက်ခံရရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများကြောင့် ဟောင်ကောင်ဒေသအနေဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ နှင့် အခြားသောကဏ္ဍများ၌ လူအင်အားပြတ်လပ်လျက်ရှိပြီး၊ အစိုးရဝန်ထမ်း သုံးပုံတစ်ပုံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလျက် ရှိကြောင်း၊ ဟောင်ကောင်ဒေသ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွင်းဝန် (ဝန်ကြီး) Mr.Edward Yau က ပြောကြားခဲ့ရာတွင် တရုတ်ပြည်မကြီးမှ ပံ့ပိုးခဲ့သည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ နေ့စဉ်ပံ့ပိုးပေးလျက်ရှိပြီး ဒေသရှိ ကျန်းမာရေး ဝန်ထမ်းများအား‌ Rapid Antigen tests (၂) သန်း ပံ့ပိုးပေးထားကြောင်း၊ တရုတ်ပြည်မကြီးမှ ဆေးဘက်ဆိုင်ရာပစ္စည်း (၄၅၀,၀၀၀) ပုံးအား လှူဒါန်းခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam ကပြောကြားခဲ့ရာတွင် ယခင် ရက်သတ္တ ပတ်ကျော်ကာလက ဟောင်ကောင်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှာ တစ်ရက်လျှင် (၅၀,၀၀၀) ကေျာ်ရှိခဲ့ရာမှ ယခုအခါ လျော့ ကျလာပြီဖြစ်ကြောင်း၊ ၁၁-၃-၂၀၂၂ ရက်နေ့တွင် ဟောင်ကောင်ဒေသ၌ ကိုဗစ်-၁၉ ကူးစက်မှု (၂၉,၀၀၀) ကျော် ရှိခဲ့ကြောင်း၊ အဆိုပါ ကူးစက်မှုများမှ (၁၈,၈၈၈) ခုမှာ Nucleic Acid Test ဖြင့် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး (၁၀,၄၉၃) ခုမှာ Rapid Antigen Tests ဖြင့် စမ်းသပ် ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်မကြီး မှ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း (၁,၀၀၀) ဦးခန့် စုဆောင်းရရှိရန် ဆောင်ရွက်မည်ဖြစ် ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Source: The Standard သတင်းစာ (12-3-2022)

Category: International News