International News

ဟောင်ကောင်ဒေသ၌ အလုပ်လက်မဲ့နှုန်း (၅.၂) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ ပြီးဆယ်စုနှစ်တစ်ခုအတွင်း အမြင့်မားဆုံးဖြစ်ခဲ့

Last Updated:

COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ဟောင်ကောင်ဒေသရှိ စီးပွားရေးလုပ်ငန်းအား ထိခိုက်လျက်ရှိရာ ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလမှ ဧပြီလအတွင်း (၅.၂) ရာခိုင်နှုန်းအထိ မြင့်တက် ခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း၊ ဇန်နဝါရီလမှ မတ်လအထိ အလုပ်လက်မဲ့ နှုန်းမှာ (၄.၂) ရာခိုင်နှုန်း ရှိခဲ့ရာမှဧပြီလတွင် (၁) ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမှာ (၁၅) နှစ်တာကာလအတွင်း အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း၊ ငွေကြေး အကျပ်အတည်းဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအတွင်း အလုပ်လက်မဲ့နှုန်း (၅.၂) ရာခိုင်နှုန်းအထိ မြင့်တက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ထပ်မံမြင့်တက်မှုမရှိခဲ့ကြောင်း၊ COVID-19 ဖြစ်ပွားမှုကြောင့် စီးပွား‌ရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများရှိနိုင်ပြီး အလုပ်သမားဈေးကွက်ကို သိသာစွာ ယိုယွင်းပျက်စီးနိုင်သည်ဟု အလုပ်သမားနှင့်လူမှုဖူလုံရေးအတွင်းဝန် (ဝန်ကြီး) Dr. Law Chi-Kwong ကပြောကြားခဲ့ကြောင်း၊   COVID-19 ကြောင့် ဒေသအစိုးရအ နေဖြင့် ဟောင်ကောင်၏ နယ်စပ်ဂိတ် (၃) ခု၏ ဝင်ထွက်သွားလာမှုအား ပိတ်ထားခြင်းနှင့် လူမှုအလှမ်းခွါနေထိုင်ရန် ဥပဒေထုတ်ပြန်မှုများ ပြုလုပ်ခဲ့ရပြီး ဆောက်လုပ် ရေးလုပ်ငန်း၊ အစားအစာနှင့် အဖျော်ယမကာရောင်းချမှုများ၊ လက်လီအရောင်းဆိုင်များ၊ ခရီးသွားလုပ်ငန်းများနှင့် လေကြောင်းလုပ်ငန်း အစရှိသည်တို့ ပါဝင်သည့် စီးပွားရေးလုပ်ငန်းများကို ထိခိုက်မှုများဖြစ်စေခဲ့ကြောင်း၊ စားသောက်ကုန်နှင့် ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် ကုမ္ပဏီ များအပေါ် ပြင်းထန်စွာ ထိခိုက်မှု များရှိခဲ့ရာ အလုပ်လက်မဲ့နှုန်း (၉) ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း၊ အစားအစာနှင့်အဖျော်ယမကာကဏ္ဍတွင် အလုပ်လက်မဲ့နှုန်း (၁၂) ရာခိုင်နှုန်းနှင့် ဆောက်လုပ်ရေး ကဏ္ဍတွင် (၁၀) ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း၊ ပညာရေး၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးကဏ္ဍ၊ အနုပညာနှင့်အသက်မွေးဝမ်းကျောင်း ကဏ္ဍနှင့် စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများရှိ အလုပ်သမားဈေးကွက်များကိုလည်း ထိခိုက်မှုများရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

လူမှုအလှမ်းခွါနေထိုင်မှုများကြောင့် လုပ်ငန်းကဏ္ဍပေါင်းစုံအပေါ်  ထိခိုက်မှုများရှိနေမည်ဖြစ်ပြီး အလုပ်လက်မဲ့နှုန်းမှာ ခန့်မှန်းထားသည်ထက် မြင့်မားနေမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ တတိယလေးလပတ်တွင် (၆) ရာခိုင်နှုန်း ကျော်အထိ မြင့်တက်နိုင်ကြောင်း၊ လူမှုအလှမ်းခွါ နေထိုင်မှုများ ပြီးဆုံးလျှင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ပြန်လည်ဖြစ်ပွားနိုင်သောကြောင့် ဟောင်ကောင်၏ စီးပွားရေးအခြေအနေမှာ ကာလတိုအတွင်း ဖိအားများဖြင့် ဆက်လက်ရင်ဆိုင်နေရမည်ဖြစ်ကြောင်း၊ ဒေသအစိုးရ၏ လစာပံ့ပိုးပေးမှု အစီအစဉ်ကြောင့် မေလတွင်အလုပ် လက်မဲ့နှုန်းလျော့နည်း နိုင်ကြောင်း၊ အလုပ်သမားများ၏ လစာ (၅၀) ရာခိုင်နှုန်း ဖြစ်သည့် ဟောင်ကောင်ဒေါ်လာ (၉,၀၀၀) အား (၆) လကြာပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင် (၉၀) ရာခိုင်နှုန်းကျော်ဖြစ်သည့် အလုပ်ရှင် (၂၇၀,၀၀၀) ဦးမှ ထောက်ပံ့ငွေအား လျှောက်ထားလိမ့်မည် ဟု ခန့်မှန်းထားကြောင်း၊ အလုပ်ရှင်များအနေဖြင့် အဆိုပါထောက်ပံ့ငွေအားလုံးအား အလုပ်သမားများသို့ ထုတ်ပေးရမည်ဖြစ်ကြောင်း၊ ဇွန်လမှ ဩဂုတ်လအတွင်း ပေးမည့်လစာမှာ မတ်လထက်မနည်းစေရန် အလုပ်ရှင်များမှ ကတိပေးပြောကြားရမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသအနေဖြင့် အခက်အခဲဆုံးကာလနှင့် ရင်ဆိုင် နေရပြီး လာမည့်နှစ်အတွင်း လစာတိုးမြှင့်ပေးမှုအား ဆိုင်းငံ့ထားရန်နှင့် ပတ်သတ်၍လည်း ထုတ်ပြန်မှုများမရှိနိုင်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်နေ့ ထုတ် South China Morning Post သတင်းစာ၌ “Jobless rate hits 5.2pc, highest in decade” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News