International News

အမေရိကန်ဘဏ်များ စိုးရိမ်ထိတ်လန့်မှုများဖြစ်နေခြင်း

Last Updated:

အာရှဒေသ၌ အများဆုံးလုပ်ကိုင်ဆောင်ရွက်နေသည့် အမေရိကန်ဘဏ်အများစုသည် ဟောင်ကောင်ဒေသ၌ တရုတ်ပြည်မကြီးမှ ငွေများဝင်ထွက်ဆောင်ရွက်နေသည့် ဘဏ္ဍာရေးအချက်အချာကျသည့်ဒေသအဖြစ် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် နိုင်ငံခြားလုပ်ငန်းများ ဟောင်ကောင်ဒေသမှ ထွက်ခွာရန် ခြောက်လန့်လျက်ရှိကြောင်း၊ အမျိုးသားလုံခြုံရေးဥပဒေအား အတည်ပြုလိုက်ပါက ဟောင်ကောင်ဒေသ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာအမြင့်ဆုံးကို ကြာရှည်စွာ ဆက်လက်ထိန်းသိမ်းထားနိုင်မည်မဟုတ်ကြောင်း၊ အမေရိကန်နှင့် ဟောင်ကောင်ဒေသတို့အကြားတွင် အခွန်နှုန်းကောက်ခံမှုများမြင့်မားခြင်း၊ အရေးယူမှုများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဗီဇာကင်းလွတ်ခွင့်များ အစရှိသည့် စီးပွားရေးပိတ်ဆို့မှုများနှင့် ဘဏ်လုပ်ငန်းတို့တွင် စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ အမေရိကန်သည် တရုတ်ပြည်မကြီးပြီးလျှင် ဟောင်ကောင်၏ ဒုတိယမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း၊ အမေရိကန်ဘဏ် ကဏ္ဍမှ ၂၀၁၉ ခုနှစ်တွင် ဟောင်ကောင်၌ အမေရိကန်ဘဏ် (၅) ရာခိုင်နှုန်းရှိကြောင်း၊ ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင် ဒေသအား တရုတ်ပြည်မကြီးသို့ ပြန်လည် လွှဲပြောင်းပြီးနောက်တွင် လွတ်လပ်သော ဆိပ်ကမ်းဒေသအဖြစ် ဆောင်ရွက်စေပြီး အခွန်ကောက်ခံမှုများ အထူးသက်သာ ခွင့်ပေးခဲ့ကြောင်း၊ ယခုအခါ အမေရိကန်မှ တရုတ်ကုမ္ပဏီများအပေါ် ပိတ်ဆို့မှုများ ပြုလုပ်မည်ဖြစ်ရာ ဟောင်ကောင်ဒေသ၏ နိုင်ငံတကာစီးပွားရေးနှင့် ငွေကြေးစင်တာအနေအထားကို အားလျော့စေမည် ဖြစ်ကြောင်း၊ အမေရိကန်ဘဏ်များအတွက် တရုတ်ပြည်မကြီးအတွင်းနှင့် ပြည်မကြီးပြင်ပရှိ ဘဏ်များနှင့်ဘဏ်လုပ်ငန်းရင်းနှီးမြှုပ်နှံမှုများ၌ ပူးပေါင်းဆောင်ရွက် လုပ်ဆောင် ရန်ဟောင်ကောင် ဒေသမှာသိသာစွာ အချက်အချာကျသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသရှိ Citi Group၊ JP Morgan နှင့် Morgan Stanley တို့သည်လည်း Alibaba Group နှင့် ၂၀၁၉ ခုနှစ်က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ တရုတ် နည်းပညာကုမ္ပဏီများဖြစ်သည့်JD.com နှင့် NetEAse တို့သည်လည်း ၂၀၂၀ ပြည့်နှစ်တွင် ဟောင်ကောင်၌ ဒုတိယအကြီးဆုံး စတော့ရှယ်ယာကုမ္ပဏီအဖြစ် လုပ်ကိုင်ရန် ပြင်ဆင်လာကြောင်း၊ ပေကျင်းမှ နိုင်ငံခြားပိုင်လုံခြုံရေးလုပ်ငန်းများ၊ ပိုင်ဆိုင်မှုစီမံ ခန့်ခွဲမှုများနှင့် အာမခံကုမ္ပဏီများကို ဖြေလျှော့မှုများပေးခဲ့ရာ အမေရိကန်နှင့် ဥရောပကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် Goldman ၊ JP Morgan နှင့် Morgan Stanley တို့သည် ၂၀၁၉ ခုနှစ်တွင်တရုတ်ပြည်မကြီးသို့ ပြန်လည်ရွှေ့ပြောင်းခဲ့ကြောင်း၊ တရုတ်ပြည်မကြီးမှ ငွေကြေးဝန်ဆောင်မှုကဏ္ဍကို ဖြေလျော့မှုမှာ ဟောင်ကောင်မှ လုပ်ငန်းများ ပြန်လည်ထွက်ခွာလာရန်မရည်ရွယ်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတင်းမာမှုနှင့် ဟောင်ကောင်မြို့တွင်း ဆန္ဒပြမှုများမှာ ဟောင်ကောင် ဒေသ၏ အနာဂတ်ဆွဲဆောင်နိုင်မှုများ အတွက် မေးမြန်းစရာများဖြစ်လာကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၃၀ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Chad Bray က “US Banks fear being caught in middle of row” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News