International News

အမေရိကန်၏ ကုန်သွယ်ရေး ကန့်သတ်ချက်အသစ်တွင် တရုတ်လုပ်ငန်း အသင်းအဖွဲ့ (၃၃) ခုအပေါ် သက်ရောက်

Last Updated:

၂၀၂၀ ပြည့်နှစ်၊ မေလကအမေရိကန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ထုတ်ပြန်ခဲ့သည့် တရုတ်လုပ်ငန်းအသင်းအဖွဲ့ (၃၃)ခုအပေါ် ကုန်သွယ်ရေး ကန့်သတ် ချက်အသစ်မှာ ယနေ့မှစတင်၍ သက်ဝင်မည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများသည် တရုတ်နိုင်ငံ၊ ရှင်းကျန်းပြည်နယ်ရှိ လူနည်းစုမွတ်စလင်လူမျိုးများအား ပေကျင်း သူလျှိုအနေဖြင့် အကူအညီပေးနေကြောင်းနှင့် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် စပ်လျဉ်း၍လည်းစစ်တပ်နှင့် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲချက်များ ကြောင့် စီးပွားရေးနာမည်ပျက်စာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်ကြောင်း၊အဆိုပါစာရင်းတွင် Software ကုမ္ပဏီများဖြစ်သည့် Qihoo 360 Technology နှင့် Skyeye Laser Technology  တို့ပါဝင်ကြောင်း၊ အဆိုပါ နာမည်ပျက်စာရင်းဝင် ကုမ္ပဏီများမှာ အမေရိကန်ကုန်ပစ္စည်းများကို သာမကအမေရိကန်ကုန်ကြမ်းပစ္စည်းများနှင့် နည်းပညာများအသုံးချ၍ ပြည်ပနိုင်ငံများတွင် ထုတ်လုပ်ထားသောပစ္စည်းများ ကိုလည်း ရောင်းချခွင့်မရှိကြောင်း၊ လုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းများရောင်းချခွင့်ကို လျှောက်ထားနိုင်သော်လည်း သတ်မှတ်ချက်များကို ကျော်ဖြတ်နိုင်ရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ(၇)ခုနှင့် အသင်းအဖွဲ့(၂) ခုမှာ တရုတ်နိုင်ငံ၌ လှုံ့ဆော်မှုများ ပြုလုပ် ရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ နာမည်ပျက်စာရင်းတွင်ပါဝင်ခြင်းဖြစ်ကြောင်း၊  ကျန်ရှိသောကုမ္ပဏီ (၂၄) ခု၊ အစိုးရ အသင်းအဖွဲ့နှင့် စီးပွားရေး အဖွဲ့အစည်းတို့မှာ တရုတ်စစ်တပ်မှ အသုံးပြုရန် ပစ္စည်းများဝယ်ယူမှုနှင့် ပတ်သက်၍ကူညီပံ့ပိုး ပေးသည် ဟူသောဝါရှင်တန်၏ စွပ်ဆွဲချက်အရ နာမည်ပျက်စာရင်းတွင် ပါဝင်ခြင်းဖြစ်ကြောင်း၊ အဆိုပါနာမည်ပျက်စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီများသည် အမေရိကန်ဈေးကွက်၌ ဉာဏ်ရည်တု (Artificial Intelligent-AI) နည်းပညာများကို အဓိကထားဆောင်ရွက် ကြပြီး အမေရိကန်နည်းပညာကုမ္ပဏီများဖြစ်သည့်Nvidiaနှင့် Intelတို့၏ ရင်းနှီးမြုပ်နှံမှု အမြောက်အများပါဝင်ကြောင်း၊ ယခု ဖြစ်စဉ်မှာ၂၀၁၉ ခုနှစ်က တရုတ်ပြည်သူ့ လုံခြုံရေးဗျူရိုနှင့် ဗွီဒီယို ကုမ္ပဏီ Hikvision အစရှိသည်တို့ ပါဝင်သည့် တရုတ်ကုမ္ပဏီ (၂၈) ခုအား အမေရိကန်ကုန်သွယ်‌‌ရေးနာမည်ပျက် စာရင်းတွင် ထည့်သွင်းခဲ့သည့် အလားတူဖြစ်စဉ်မျိူးဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌  “New American Trade Restrictions on 33 Chinese Firms and Institutions Take Effect” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

Category: International News