International News

အမျိူးသားလုံခြုံရေး ဥပဒေကြောင့် ငွေကြေးကဏ္ဍလုပ်ငန်း အများအပြား ရွှေ့ပြောင်းသွားရန် မရှိနိုင်ကြောင်း

Last Updated:

ပေကျင်းအစိုးရမှ အတည်ပြုပြဋ္ဌာန်းရန်ဆုံးဖြတ်ခဲ့သည့် အမျိုးသားလုံခြုံရေးဥဒေကြောင့် ဟောင်ကောင်ဒေသတွင်းရှိ ငွေကြေးကဏ္ဍလုပ်ငန်းများအား အများအပြားရွှေ့ပြောင်းသွားခြင်းရှိနိုင်မည်မဟုတ်ကြောင်း၊ ဥပဒေသစ်နှင့်ပတ်သက်သည့် အသေးစိတ်နှင့်ပတ်သက်၍ သိရှိလိုစိတ်ပြင်းပြလျှက် ရှိကြောင်းနှင့် ဒေသတွင်းရှိငွေကြေးကဏ္ဍဆိုင်ရာ လုပ်ငန်းများရွှေ့ပြောင်းသွားရန်အများ အပြားမရှိနိုင်ဟု ကျွမ်းကျင်သူများကခန့်မှန်းထားရှိကြောင်း၊ သို့သော်အာရှ၏ထိပ်တန်းဗဟိုဌာနအဖြစ်ငွေကြေးလုပ်ငန်း အချက်အချာကြသည့် ဟောင်ကောင်ဒေသအပေါ် အမေရိကန်နိုင်ငံမှ တင်းမာမှုများ ဖြစ်စေ နိုင်ကြောင်း၊ ဟောင်ကောင်ဒေသအား ပေးအပ်ထားသည့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးများအား ပြန်လည်ရုပ်သိမ်းပြီး ကန့်သတ်မှုများ ပြုလုပ်သွားမည်ဟု အမေရိကန်နိုင်ငံမှ ပြောကြားထားကြောင်း၊ အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံအပေါ် ကန့်သတ်ချက်များမှာ နှစ်နိုင်ငံလုံးအတွက် ဆုံးရှုံးမှုများရှိကြောင်း၊ လွန်ခဲ့သော (၉) နှစ်အတွင်း ဟောင်ကောင်ဒေါ်လာနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်မှုနှုန်းထားကို ပုံသေသတ်မှတ်၍  peg ပြုလုပ်ထားပြီး လွတ်လပ်စွာလဲလှယ်နိုင်ကြောင်း၊ ဥပဒေသစ်ကြောင့် မကြာသေးမီရက်ပိုင်းက ဟောင်ကောင်ဒေါ်လာမှ အမေရိကန် ဒေါ်လာသို့ လဲလှယ်မှုတွင် ဆိုးရွားမှုများရှိခဲ့ကြောင်း၊ သို့သော်ဒေသ၌ ဟောင်ကောင်ဒေါ်လာလဲလှယ်မှုကို ပံ့ပိုးပေးနိုင်မည့် အမေရိကန်ဒေါ်လာအရန် ရန်ပုံငွေ ရှိသောကြောင့် ပျက်စီးအောင် ဆောင်ရွက်ရန်မှာ မလွယ်ကူကြောင်း၊ ဟောင်ကောင်ဒေါ်လာအား ထိန်းသိမ်းထားနိုင်ရန် ၅-၆-၂၀၂၀ ရက်နေ့တွင် ဟောင်ကောင်ဒေါ်လာ (၁) ဘီလီယံကို ငွေကြေးအာဏာပိုင်အဖွဲ့က ရောင်းချခဲ့ ကြောင်း၊ယခုလက်ရှိအချိန်တွင် ဟောင်ကောင်ဒေသမှ ငွေသားများ ထွက်သွားခြင်းမရှိသေးကြောင်း၊တရုတ်နိုင်ငံ၊ ဟိုင်နန်ဆိပ်ကမ်းကိုလည်း ဟောင်ကောင်ကဲ့သို့ လွတ်လပ်စွာကုန်သွယ်နိုင်သည့် ဆိပ်ကမ်းအဖြစ် ဆောင်ရွက်နိုင်ရန် သွင်းကုန်ခွန်နှင့်အခွန်ကောက်ခံမှု များလျော့ချပေးမည့် မူဝါဒများ ဖွင့်ပေးခဲ့ကြောင်း၊ဟောင်ကောင်ဒေသအပေါ် တိုက်ရိုက်အရေးယူ ဆောင်ရွက်မှု မရှိသော်လည်း ငွေသားထိန်းချုပ်မှုများအား ရှန်ဟိုင်းမြို့အား ဆောင်ရွက်သကဲ့သို့ ဟိုင်နန်ကိုလည်း ပြုလုပ်နိုင်သောကြောင့် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေကြောင်း၊ တရုတ်ဘဏ်များအား အမေရိကန်ဒေါ်လာ လွှဲပြောင်းမှုစနစ်များမှ ပိတ်ပိတ်ခြင်းမှာ ဟောင်ကောင်ဒေသရှိ အမေရိကန်ဒေါ်လာ များလဲလှယ် ရောင်းဝယ်နေသည့် တရုတ်ဘဏ်များအတွက် စိန်ခေါ်မှုများဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသရှိ Bank of China (BOC) သည် လုပ်ငန်းဆောင်ရွက်မှု အားလုံးအတွက် မှတ်ပုံတင်ဆောင်ရွက် ထားရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၆ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Cissy Zhou က “Security Law unlikely to spark relocations, analysts say”ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူ၊ ဟောင်ကောင်)

Category: International News