International News

ဥရောပ၌ Cross-Border E-commerce တိုးတက်ခဲ့ခြင်း

Last Updated:

Cross-Border Commerce Europe (CBCommerce) မှ ထုတ်ပြန်ခဲ့သည့် လေ့လာမှုအစီရင်ခံစာအရ ပြီးခဲ့သည့်နှစ်အတွင်း ဥရောပတွင် နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်မှု (Cross-border E-commerce) ၏ ဝင်ငွေမှာ ယူရို (၁၀၈.၇၅) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။  အဆိုပါဝင်ငွေ စုစုပေါင်း အနက် ဥရောပသမဂ္ဂအတွင်းရှိ အွန်လိုင်းရောင်းချသည့် ကုမ္ပဏီများမှ ဝင်ငွေရရှိမှုမှာ (၅၈) ရာခိုင်နှုန်းရှိပြီး၊ Non-EU brands များမှ (၄၂) ရာခိုင်နှုန်း ရရှိခဲ့ကြခြင်း ဖြစ်ကြောင်း၊ ဥရောပ၏ အွန်လိုင်းရောင်းချသည့်ကုမ္ပဏီ (၅၀၀) မှ အခွန်ဘဏ္ဍာငွေ ယူရို (၃၉.၇) ဘီလီယံ ရရှိခဲ့ကြောင်း အဆိုပါလေ့လာမှုအရ သိရှိပါသည်။

အဆိုပါလေ့လာမှုအရ သတ်မှတ်ချက် (parameter) လေးခုဖြင့် အဆင့်သတ်မှတ်ခြင်းဖြစ်ပြီး၊ ၎င်းသတ်မှတ်ချက်များမှာ ဥရောပအတွင်း နယ်စပ်ဖြတ်ကျော် အွန်လိုင်း ရောင်းချမှု (cross-border online sales in Europe) ၊ cross-border SEO (search engine optimization) performance indicators၊ လွှမ်းခြုံသည့်နိုင်ငံ အရေအတွက်အပေါ်မူတည်၍ နယ်စပ်ဖြတ်ကျော်ရမှတ် (cross-border score based on the number of countries covered)၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက် ကြည့်ရှုမှုရာခိုင်နှုန်းနှင့် အရေအတွက် (the number and percentage of cross-border visits) တို့ဖြစ်ကြကြောင်း၊ အဆိုပါလေ့လာမှု အစီရင်ခံစာအရ  ဆွီဒင်နိုင်ငံမှ ပရိဘောဂကုမ္ပဏီ (IKEA) သည် ပထမနေရာ၌ ရပ်တည်ခဲ့ကြောင်း ဘရပ်ဆဲလ်တိုင်းမ်၏ သတင်းဖော်ပြထားမှုအရ သိရှိရပါသည်။

 

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

( မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

Category: International News