ဈေးကွက်ဈေးနှုန်း

ဧရာစပါးဈေးတက်လာနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်း အချို့မြို့နယ်များတွင် ရေကျနောက်စိုက်စပါးနှင့် နွေစပါး အနည်းငယ် ထွက်ရှိလာသည်။ဈေးနှုန်းများမှာ မြို့နယ်အလိုက် ကွာခြားမှုရှိ နေပါသည်။

ပုသိမ်ခရိုင် ပုသိမ်မြို့နယ်တွင် ပေါ်ဆန်းစပါး၅၂ပေါင်ဈေးနှုန်း (၁၄၀၀၀၀ဝိ/-)ဝန်းကျင်ရှိပြီး၊ ဆန်၁အိတ်ဈေးနှုန်း(၅၀၀၀ဝိ/- ၅၄၀၀ဝိ/-)ရှိသည်။ရွှေသွယ်စပါးဈေးနှုန်း၄၆ပေါင်(၉၅၀၀၀ဝိ/-)ဖြစ်ပြီး၊ ဆန်၁ အိတ် ဈေးနှုန်း (၃၅၀၀ဝိ/- ၃၆၀၀ဝိ/-)သီးထပ်ရင် ပေါင်၁၁၀ဈေးနှုန်း(၈၅၀၀၀ဝိ/-)ဖြစ်သည်။ ရန်ကုန်မြို့နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချလျှက်ရှိသည်။ 

ရေကြည်မြို့နယ်တွင် ပခန်းစပါး ပေါင်၅၀ဈေးနှုန်း(၉၀၀၀၀ဝိ/-)၊ ဆန် ၁အိတ် ဈေးနှုန်း (၃၃၀၀ဝိ/- ၃၅၀၀ဝိ/-)၊ ဆင်းသုခစပါး ပေါင်၅၀ဈေးနှုန်း(၈၅၀၀၀ဝိ/-)၊ဆန်၁အိတ်ဈေးနှုန်း(၂၈၀၀ဝိ/-၂၉၀၀ဝိ/-) ရှိနေသည်၊၊

မြောင်းမြခရိုင်အတွင်းရှိ ပေါ်ဆန်းစပါးဈေးနှုန်း၅၂ပေါင်(၁၄၅၀၀၀ဝိ/-)ဝန်းကျင်ရှိပြီး၊ ဆန်၁အိတ် ဈေးနှုန်း(၄၇၀၀ဝိ/-၅၀၀၀ဝိ/-)ဖြစ်သည်။ မနောသုခ၊ဆင်းသုခစပါးပေါင်၅၀ဈေးနှုန်း(၈၆၀၀၀ဝိ/-)၊ ဆန် ၁အိတ် ဈေးနှုန်း(၃၀၀၀ဝိ/-) ရှိသည်။  

လေးမျက်နှာမြို့နယ်တွင် ဆင်းသုခစပါးဈေးနှုန်းပေါင်၅၀ (၇၇၀၀၀ဝိ/-)၊ဆင်းသုခ ဆန်၁အိတ် ဈေးနှုန်း (၂၇၀၀ဝိ/- ) ဖြစ်ပြီး၊ ပခန်းရွှေဝါစပါးဈေးနှုန်းပေါင်၅၀(၈၀၀၀၀ဝိ/-)၊ ဆန်၁အိတ် ဈေးနှုန်း (၂၉၀၀ဝိ/- ၃၀၀၀ဝိ/-)ရှိသည်။

မအူပင်ခရိုင်အတွင်းရှိ ပေါ်ဆန်းစပါးဈေးနှုန်း၅၂ပေါင်(၁၃၀၀၀၀ဝိ/-)ဝန်းကျင်ဖြစ်ပြီး၊ ဆန်၁အိတ် ဈေးနှုန်း(၄၃၀၀ဝိ/-၄၇၀၀ဝိ/-)ဖြစ်သည်။မနောသုခပေါင်၅၀စပါးဈေးနှုန်း(၈၅၀၀၀ဝိ/-)၊ဆန်၁အိတ် ဈေးနှုန်း (၂၈၅၀ဝိ/-)၊နှံကားပေါင်၅၀စပါးဈေးနှုန်း(၇၈၀၀၀ဝိ/- ၈၀၀၀၀ဝိ/-)ဝန်းကျင်ရှိပြီး၊ ရေကျနောက်စိုက်ရက်၉၀ ပေါင်၅၀စပါးဈေးနှုန်း(၈၀၀၀၀ဝိ/-)၊သီးထပ်ရင်ပေါင်၅၀စပါးဈေးနှုန်း(၇၄၀၀၀ဝိ/-)ဖြစ်သည်။ ရန်ကုန်သို့တင်ပို့ ရောင်းချလျှက်ရှိသည်။ 

ကျိုက်လတ်မြို့နယ်တွင် ပေါ်ဆန်းစပါး၅၂‌ပေါင်ဈေးနှုန်း (၁၀၇၀၀၀ဝိ/-)ဖြစ်ပြီး၊ ပေါ်ဆန်းဆန်၁အိတ် ဈေးနှုန်း (၃၈၀၀ဝိ/-)၊ရက်၉၀စပါးဈေးနှုန်း၅၀ပေါင်(၇၁၀၀၀ဝိ/-)၊သီးထပ်ရင်စပါးဈေးနှုန်း၅၀ပေါင်(၇၈၀၀၀ဝိ/-)၊ သီးထပ်ရင်ဆန် ဈေးနှုန်း(၂၂၅၀ဝိ/)အသီးသီးဖြစ်ပြီး၊ ဆန်များကိုရန်ကုန်နှင့်  တနင်္သာရီတိုင်းမြိတ်မြို့ရှိ ကုန်သည် များမှ ကမ်းရိုတန်းသင်္ဘောများဖြင့် ပုံမှန်လာရောက်ဝယ်ယူလျှက်ရှိသည်။

ဈေးကွက်အခြေအနေမှာ နွေစပါးစိုက်ဧကလျော့နည်းပြီး အထွက်နှုန်းနည်းပါမှုကြောင့် စက်ပိုင်၊ တောင်သူကြီးများမှ လှောင်စပါးအဖြစ် ဝယ်ယူမှုကြောင့် စပါးဈေးမြင့်တက်နေသည်။