တရုတ်နိုင်ငံသည် ဩစတေးလျနိုင်ငံ၏ စုပုံတင်သွင်းမှုတန်ပြန်သည့်အစီအမံနှင့် ထုတ်လုပ်သူများအပေါ် ထောက်ပံ့ပေးမှုများအား ၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှုများ ဆောင် ရွက်ခဲ့ပြီးနောက် ဩစတေးလျနိုင်ငံမှ စုပုံတင်သွင်းမှုများအပေါ် တန်ပြန်သည့်အနေဖြင့် ဩစတေးလျနိုင်ငံ မှ တင်သွင်းမည့် မုယောစပါးများအပေါ် လက်ရှိကောက်ခံ လျက်ရှိသည့် အကောက်ခွန်နှုန်းအပေါ် အကောက်ခွန် (၈၀) ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဩစတေးလျ နိုင်ငံမှ နှစ်စဉ်အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံ တန်ဖိုးရှိ မုယောစပါးတင်သွင်းခဲ့မှုအပေါ် တန်ပြန်သည့် စီမံဆောင်ရွက်မှုအနေဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်ကြောင်း၊ ဩစတေးလျအနေဖြင့် အဆိုပါကိစ္စရပ်အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံသို့ တင်ပြသွားရန် အကြံပြုချက်များရှိကြောင်း၊ တရုတ်နှင့်ဩစတေးလျနိုင်ငံ တို့သည် ၂၀၁၃ ခုနှစ်မှ စတင်၍ မဟာဗျူဟာမြောက်သည့် မိတ်ဖက်နိုင်ငံများအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ်သို့ လည်းကောင်း အသီးသီးရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဩစတေးလျနိုင်ငံမှ မုယောစပါး စုပုံတင်သွင်းမှုအပေါ် တန်ပြန်သည့် အခွန်ကောက်ခံမှု (antidumping and count ervailing duties) ချမှတ်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ၏ ဥပဒေများနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့်အညီ တိကျစွာ စုံစမ်းစစ်ဆေးမှုများအပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း ၌ ဩစတေးလျနိုင်ငံမှ ပင်လယ်ထွက်ကုန်အစားအစာ ပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံ တင်ပို့ခဲ့ပြီး ၎င်းတို့အနက် အမေရိကန်ဒေါ်လာ (၆၅၈) သန်းသည် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူပင် ဩစတေးလျနိုင်ငံသည် နိုင်ငံအတွင်း ထုတ်လုပ်ထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၏ (၆၅)ရာခိုင်နှုန်းအား တင်ပို့လျက်ရှိရာ အများစုမှာ တရုတ်၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဩစတေးလျနိုင်ငံမှ အမဲသား၊ ဝိုင်၊ ချည်မျှင်နှင့် မုယောစပါးတို့အား အဓိကတင်သွင်းလျက် ရှိကြောင်း၊ ဩစတေးလျနိုင်ငံမှ မုယောစပါးများတင်သွင်းမှုအပေါ်ပေးဆောင်ရန် အကောက်ခွန်နှုန်း သတ်မှတ်လိုက်သည့်အတွက် တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်း ဩစတေးလျနိုင်ငံမှ ထွက်ရှိသည့် မုယောစပါးများအနေဖြင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းလျော့နည်းသွားမည်ဖြစ်သည့်အတွက် တရုတ်နိုင်ငံသည် မုယောစပါး များအား ပြင်သစ်၊ ကနေဒါ၊ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့မှ ပြောင်းလဲဝယ်ယူတင်သွင်းလာနိုင်ကြောင်း၊ တရုတ်နိုင်ငံသည် ဩစတေးလျနိုင်ငံထွက် လယ်ယာထွက်ကုန် ပစ္စည်းများအား အများဆုံးဝယ်ယူသူဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားကုန်သွယ်မှုပမာဏ၌ လယ်ယာထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုပမာဏသည်(၁၅)ရာခိုင်နှုန်းသာ ပါဝင်လျက်ရှိသည့်အတွက် အကယ်၍ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမို တင်းမာလာမည်ဆိုပါက ကုန်သွယ်လျက်ရှိသည့် ကဏ္ဍအများစုအပေါ် ရိုက်ခတ်မှုများ ဖြစ်ပေါ် လာမည်ဖြစ်ကြောင်း၊ ဩစတေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနမှ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်အတွင်း ဩစတေးလျနိုင်ငံမှ တရုတ်နိုင်ငံသို့ သံသတ္ထုရိုင်း၊ ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ့စသည့် သဘာဝသယံဇာတ တွင်းထွက်အများဆုံးတင်ပို့ခဲ့ကြောင်း၊ စုစုပေါင်းတင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ (၂၀.၈၈)ဘီလီယံ ရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သံသတ္ထုရိုင်း တင်ပို့မှုသည် တန်ချိန် (၃၀.၈၂) သန်းရှိခဲ့သည့်အတွက် ပြီးခဲ့သည့် နှစ်ထက် (၁၅၄) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တောင်အာရှနိုင်ငံများမှ သဘာဝသယံဇာတ အများဆုံးဝယ်ယူသူဖြစ်လာသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ဩစတေးလျနိုင်ငံထုတ် သဘာဝတွင်းထွက် ပစ္စည်းများအပေါ် ကန့်သတ်မှုများချမှတ်ဆောင်ရွက်မည်ဆိုပါက အိန္ဒိယနိုင်ငံအပါအဝင် အခြားနိုင်ငံများအနေဖြင့် အကျိုး ကျေးဇူးများရရှိစေမည်ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ရင်းမြစ် : https://www.globaltimes.cn/content/1188857.shtml
(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)