International News

ဩစတြေးလျ အစိုးရက ခရီးသွားဧည့်သည်စီးပွားရေးကို ပြန်လည်တည်ဆောက်ရန်နှင့် ကြီးထွားတိုးတက်စေရန် ပံ့ပိုးကူညီခြင်း

Last Updated:

ဩစတြေးလျ၏ ခရီးသွားဧည့်သည်စီးပွားရေး ရေရှည်တိုးတက်မှုအတွက် ဩစတြေးလျအစိုးရ၏ မဟာဗျူဟာသည် နိုင်ငံတစ်ဝှမ်း အလုပ်အကိုင်များနှင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးခြင်းဖြစ်သည်။ အစိုးရ၏ THRIVE 2030 မဟာဗျူဟာကို ၂၅-၃-၂၀၂၂ ရက် နေ့တွင် ကွင်းစလန်ပြည်နယ်ရှိ Townsville မြို့၌ စတင်ခဲ့ပြီး၊ ခရီးသွားဧည့်သည်စီးပွားရေး၏ တန်ဖိုးသည် ၂၀၃၀ ပြည့်နှစ်တွင် ဩစတြေးလျဒေါ်လာ ၂၃၀ ဘီလီယံအထိ တိုးလာနိုင်မည်ဟု မျှော်မှန်းထားသည်။

ခရီးသွားဧည့်သည်စီးပွားရေးကဏ္ဍတွင် လုပ်ငန်းလုပ်ကိုင်သူ ၃၀၀,၀၀၀ ကျော်ရှိပြီး၊ ဩစတြေးလျနိုင်ငံသား တစ်သန်းကျော်ကို တိုက်ရိုက်နှင့် သွယ်ဝိုက်၍ အလုပ်အကိုင်ရရှိစေသည်။ အစိုးရသည် THRIVE 2030 မဟာဗျူဟာအတွက် ကနဦးရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် ခရီးသွားကိုယ်စားလှယ်များနှင့် ခရီးသွားအစီအစဉ်ဝန်ဆောင်မှုပေးသူများအတွက် ဩစတြေးလျဒေါ်လာ ၇၅.၅ သန်း၊ ဩစတြေးလျနိုင်ငံသို့ နိုင်ငံတကာဈေးကွက်များမှ ခရီးသွားဧည့်သည်အသစ်များကို ပိုမိုဆွဲဆောင်ရန် သုံးနှစ်အတွင်း ဩစတြေးလျ ဒေါ်လာသန်း ၆၀ ကျော်၊ ခရီးသွားဧည့်သည်စီးပွားရေး၏ Online အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု Platform ကို ဦးဆောင်သည့် လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂) နှစ်ကျော်အတွင်း ဩစတြေးလျဒေါ်လာ ၂ သန်းနှင့် ဩစတြေးလျ ခရီးသွားလုပ်ငန်း သုတေသနအတွက် ဩစတြေးလျဒေါ်လာ ၄.၈ သန်းတို့ကို ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။

COVID-19 ကာလမတိုင်မီတွင် သြစတြေးလျ၏ ခရီးသွားဧည့်သည်စီးပွားရေးတန်ဖိုးမှာ ဩစတြေးလျဒေါ်လာ ၁၆၆ ဘီလီယံထိရှိ ကြောင်း သိရှိရသည်။ အစိုးရ၏ မဟာဗျူဟာသည် အရေးကြီးသောကဏ္ဍကို အထွတ်အထိပ်သို့ရောက်ရှိအောင် ပြန်လည်တည် ဆောက်ကာ ကြီးထွားဖွံ့ဖြိုးရန်ရေရှည်စီမံကိန်းကို ချမှတ်ထားပြီး၊ လုပ်ငန်းစဉ်တွင် အလုပ်အကိုင်များ၊ စီးပွားရေးနှင့် အခွင့်အလမ်း များကို ပိုမိုပံ့ပိုးပေးထားသည်။

ဩစတြေးလျ ခရီးသွားလုပ်ငန်းသည် အကောင်းဆုံးဆွဲဆောင်မှုများ၊ အကောင်းဆုံးလူများ၊ ခရီးသွားလုပ်ငန်းကဏ္ဍမှ ပံ့ပိုးပေးထား သည့် အကောင်းဆုံးလူနေမှုပုံစံတို့ဖြင့် ကမ္ဘာ့ဦးဆောင်ခရီးသွား လာရောက်လည်ပတ်သည့်နေရာအဖြစ် ရပ်တည်လျက်ရှိရာ ယခု မဟာဗျူဟာသည် ဩစတြေးလျကို အနာဂတ်တွင် ရွေးချယ်စရာနေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှုကို သေချာစေမည် ဖြစ်သည်။

THRIVE 2030 သည် လာမည့်ဆယ်နှစ်အတွင်း ခရီးသွားဧည့်သည်စီးပွားရေး၏ ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုအတွက် အစီအစဉ်ကို ချမှတ်ရာတွင် ခရီးသွားလုပ်ငန်းနှင့် အစိုးရများအား အထောက်အကူပြုရန် ရည်ရွယ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: International News