International News

ဩစတြေးလျအစိုးရက ကနေဒါနှင့် ဘရာဇီးလ်နိုင်ငံတို့တွင် ကောင်စစ်ဝန်ချုပ်အသစ်များ ခန့်အပ်လိုက်ခြင်း

Last Updated:

သြစတြေးလျအစိုးရသည် ကမ္ဘာလုံးဆိုင်ရာအရေးပါသည့် ဤကုန်သွယ်မှုဗဟိုဌာနများနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများ အားကောင်းလာစေရန် ကနေဒါနှင့် ဘရာဇီးနိုင်ငံတို့တွင် ကောင်စစ်ဝန်ချုပ်အသစ်များ ခန့်အပ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့၏ ၂၁-၃-၂၀၂၂ ရက်နေ့ ပူးတွဲသတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

သတင်းထုတ်ပြန်ချက်အရ Mr. Josh Riley သည် ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ရှိ ကောင်စစ်ဝန်ချုပ်နှင့် အဆင့်မြင့်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်နာအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး၊ Mr. John Prowse သည် ဘရာဇီးလ်နိုင်ငံ၊ ဆာပိုလိုမြို့ရှိ အဆင့် မြင့်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်နာအဖြစ် တာဝန်ယူမည်ဖြစ်သည်။

ခန့်အပ်မှုများသည် သြစတြေးလျအစိုးရ၏ နိုင်ငံပို့ကုန်များမြှင့်တင်ရန် ကတိကဝတ်များနှင့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုနှင့် သာယာဝပြောရေးတို့အတွက် အရေးပါသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ခြင်းအား သက်သေပြနေသည်။ တိုရွန်တိုနှင့် ဆာပိုလိုမြို့တို့သို့ ပြန်လည်ထွက်ခွာလာသော ကောင်စစ်ဝန်ချုပ်နှင့် အဆင့်မြင့်ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုကော်မရှင်နာများ ဖြစ်သည့် Grayson Perry နှင့် Greg Wallis တို့ကို ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း အစိုးရကပြော ကြားထားသည်။

ဤခန့်အပ်မှုသည် သြစတြေးလျနှင့် ကနေဒါတို့အတွက် အစိမ်းရောင် ဟိုက်ဒရိုဂျင်ကဲ့သို့သော သန့်ရှင်းသော စွမ်းအင်ဆိုင်ရာ ဖြေရှင်းမှုများတွင် အတူတကွလုပ်ကိုင်ရန် အခွင့်အလမ်းများပေးလိမ့်မည်ဖြစ်ပြီး၊ ဩစတြေးလျနိုင်ငံတွင် ပြည်တွင်းအလုပ်အကိုင် များ ဖန်တီးပေးနိုင်ကာ ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့၏ ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး ရည်မှန်းချက်များအောင်မြင်စေရန် ကူညီပေး နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: International News