Local News

တစ်ပတ်အတွင်းမတ်ပဲဈေးကွက်အခြေအနေ (၉-၇-၂၀၂၆) ရက်နေ့အထိ

Last Updated:

ယခင်သီတင်းပတ်အတွင်း ဈေးနှုန်းများနှင့် နှိုင်းယှဉ်လျှင် ဧရာဝတီမတ်ပဲ ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်းတွေ့ရှိရပါသည်။ သီတင်း ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မတ်ပဲ ဈေးနှုန်းများမှာ ဇူလိုင်လ ရက်နေ့တွင် မတ်ပဲ တင်းဈေးနှန်း ကျပ် ၁၀၂၈၀၀၊ ရက်နေ့တွင် ကျပ် ၁၀၃၂၀၀၊ ရက်မှ ရက်နေ့အထိ ကျပ် ၁၀၄၅၀၀၊ ရက်နေ့တွင် ကျပ် ၁၀၅၅၀၀၊ အသီးသီးဖြစ်ခဲ့ပါသည်။

လွန်ခဲ့သော ဇွန်လ နောက်ဆုံးသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ၏ ပြည်တွင်းဝယ်လိုအား အနည်းငယ်ကျဆင်းမှုကြောင့် မတ်ပဲဈေးနှုန်းအနည်းငယ်တည်ငြိမ်နေခဲ့သော်လည်း၊ ရူပီးငွေကြေး တန်ဖိုးကျဆင်းခြင်းက မြန်မာမတ်ပဲတင်သွင်းမှုကုန်ကျစရိတ်ကိုမြင့်တက်လာစေခြင်း၊ မုတ်သုံရာသီ နောက်ကျခြင်းနှင့်မိုးရွာသွန်းမှုနည်းပါးခြင်းတို့သည် လာမည့်သီးနှံရာသီအတွက် စိုးရိမ်စရာ ဖြစ်လာ နေခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းမတ်ပဲဈေးနှုန်းကျဆင်းခြင်းမရှိပဲ ဈေးနှုန်းခိုင်မာလျှက် ရှိနေနိုင်သည်။

အဆိုပါအထောက်အပံ့များကြောင့် မြန်မာပြည်တွင်းမတ်ပဲဈေးနှုန်းကို ခိုင်မာသောဈေးတန်း တစ်ခုဖြစ်ပေါ်စေပြီး ဇူလိုင်လ တတိယပတ် နှင့် စတုတ္ထသီတင်းပတ်များအတွင်း အိန္ဒိယနိုင်ငံ၏ ပြည်တွင်းမတ်ပဲဝယ်လိုအားပုံမှန်ပြန်လည်ကောင်းမွန်လာနိုင်သောကြောင့် မြန်မာမတ်ပဲဈေးနှုန်း ဆက်လက် ခိုင်မာနေနိုင်ပါသည်။

သို့သော်လည်း အိန္ဒိယနိုင်ငံ၏ buffer stock အလုံအလောက်ရှိခြင်း၊ နွေမတ်ပဲများ ဈေးကွက်အတွင်းဝင်ရောက်လျှက်ရှိခြင်းတို့သည် ဈေးနှုန်းအလွန်အမင်းမြင့်တက်လာခြင်းကို ကန့်သတ်ထားနိုင်ကြောင်း သုံးသပ်ရပါသည်။

Category: Local News