Local News

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆန် အရောင်းသွက်၍ ဈေးမြင့်လာ

Last Updated:

ဇန္နဝါရီဒုတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်သို့မန္တလေးမြို့အောက်ပိုင်းဒေသများမှမြေပဲဆန်များဝင်ရောက်လျှက်ရှိပြီးအရောင်းအဝယ်သွက်နေကြောင်းသိရသည်။မြေပဲလုံးဆန်များကိုတရုတ်ဝယ်လက်မှဝယ်ယူမှုရှိပြီး၊ဆီဆန်ကို ဆီစက်သမားများမှဝယ်ယူနေသောကြောင့်မြေပဲဆံတစ်ပိဿာလျှင်ယခင်တစ်ပတ်ထက်ကျပ်၃၀၀မှ၁၄၀၀ထိမြင့်တက်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

မြေပဲလုံးဆန်(နီ)တစ်ပိဿာလျှင်ယခုတစ်ပတ်ကျပ်၇၆၀၀မှ၈၂၀၀၊ယခင်တစ်ပတ်ကျပ်၇၃၀၀မှ၇၆၀၀၊ယခင်လကျပ်၆၂၀၀မှ၆၈၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၃၀၀မှ၆၀၀၊ယခင်လထက်ကျပ် ၁၄၀၀မြင့်တက်လာသည်။

မြေပဲလုံးဆန်(ဖြူ)တစ်ပိဿာဈေးနှုန်းများမှာယခုတစ်ပတ်ကျပ်၆၈၀၀မှ၇၁၀၀၊ယခင်တစ်ပတ်ကျပ်၆၃၀၀မှ၆၈၀၀၊ယခင်လကျပ်၅၈၀၀မှ၆၂၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၃၀၀မှ၅၀၀၊ယခင်လထက်ကျပ်၉၀၀မှ၁၀၀၀ မြင့်တက်လာသည်။

S1ဆီဆန်တစ်ပိဿာလျှင်ယခုတစ်ပတ်ကျပ်၅၇၀၀မှ၆၀၀၀၊ယခင်တစ်ပတ်ကျပ်၅၈၀၀မှ၆၂၀၀၊ယခင်လကျပ်၅၄၀၀မှ၅၅၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀မှ၂၀၀နိမ့်ကျလာပြီး၊ယခင်လထက်ကျပ်၃၀၀မှ၅၀၀မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News