Local News

မန္တလေးကုန်စည်ဒိုင်တွင် မတ်ပဲ နှင့် ပဲစင်းငုံ (နီ) အန္ဒိယမှအဝယ်လိုက်၍ဈေးမြင့်လာ

Last Updated:

ဇန္နဝါရီလဒုတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်ပို့ကုန်ပဲများအရောင်းအဝယ်သွက်လာပြီးဈေးမြင့်လာကြောင်း၊ဧရာဝတီမြစ်အထက်ပိုင်းနှင့်အညာဒေသဘက်မှမတ်ပဲနှင့်ပဲစင်းငုံ(နီ)များဝင်ရောက်လျှက်ရှိပြီး အိန္နိယနိုင်ငံမှဝယ်လိုအားရှိနေသောကြောင့်ဈေးမြင့် လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲစင်းငုံ(နီ)၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၃၃၅၀၀၀၊ယခင်တစ်ပတ်ကျပ်၃၁၇၀၀၀မှ၃၁၈၀၀၀၊ယခင်လကျပ်၃၀၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၇၀၀၀မှ၁၈၀၀၀၊ယခင်လထက်ကျပ်၃၅၀၀၀ မြင့်တက်လာသည်။

မတ်ပဲ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၂၈၀၀၀၀မှ၂၉၀၀၀၀၊ယခင်တစ်ပတ်ကျပ်၂၄၀၀၀၀မှ၂၈၅၀၀၀၊ယခင်လကျပ်၂၃၀၀၀၀မှ၂၇၈၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀မှ၄၀၀၀၀၊ယခင်လထက်ကျပ် ၁၂၀၀၀မှ၅၀၀၀၀မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News