Local News

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲများ ဈေးအေးနေ

Last Updated:

ဖေဖော်ဝါရီလ ဒုတိယပတ် မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိရာ ပို့ကုန်ပဲများအရောင်းအဝယ်အေး ဈေးအေးနေကြောင်း၊ ပဲစင်းငုံ (နီ) မှာ ရွှေဘို၊ ကျောက်ပန်းတောင်း နှင့် နွားထိုးကြီးဒေသတို့မှ ဝင်ရောက်လျှက်ရှိပြီး၊ ယခင်တစ်ပတ်ထက် ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ၁၈၀၀၀ နိမ့်ကျလာသည်။ မတ်ပဲ နှင့် ပဲတီစိမ်းမှာ အဟောင်းလက်ကျန်များသာရှိ၍၊ ပြည်ပ ပို့ကုန်ပဲများ ဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

ပဲစင်းငုံ(နီ)  ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၃၇၄၀၀၀ မှ ၃၇၂၀၀၀၊ ယခင်တစ်ပတ်ကျပ် ၃၉၂၀၀၀ မှ ၃၉၀၀၀၀ ၊ ယခင်လကျပ် ၃၂၈၀၀၀ မှ ၃၂၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၈၀၀၀ နိမ့်ကျလာပြီး ၊ ယခင်လထက်ကျပ် ၄၅၀၀၀ ၄၆၀၀၀ မြင့်တက်လာသည်။

မတ်ပဲ ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၈၀၀၀၀မှ ၂၇၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၈၀၀၀၀မှ ၂၇၅၀၀၀၊ ယခင်လကျပ် ၂၈၅၀၀၀မှ ၂၇၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၅၀၀၀ နိမ့်ကျလာသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၈၅၀၀၀ မှ ၁၅၅၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၂၀၀၀၀၀မှ ၁၆၀၀၀၀ ၊ ယခင်လကျပ် ၁၈၅၀၀၀မှ ၁၅၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀မှ ၁၅၀၀၀ နိမ့်ကျလာပြီး ၊ ယခင်လအတိုင်းဈေးငြိမ်နေသည်။

 

Category: Local News