Local News

မန္တလေးကုန်စည်ဒိုင်သို့ ကုလားပဲများ နယ်စုံမှဝင်ရောက်နေပြီး ဈေးအေးနေ

Last Updated:

ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်သို့ သဲတော၊ ဝမ်းတွင်း၊ စစ်ကိုင်း၊ မုံရွာ၊  ကျောက်ဆည် နှင့် ကူမဲဘက်မှ ကုလားပဲအသစ်များဝင်ရောက်နေပြီး၊ ဈေးအနည်းငယ်ကျဆင်းလာကြောင်း၊ ကုလားပဲအသစ်များမှာ စိုထိုင်းဆကြောင့်  ပဲခွဲစက်များမှ ကြိတ်ခွဲ၍ မရသေးသောကြောင့် ဝယ်ယူမူအေးဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

ကုလားပဲဖြူလုံးကြီး(V-2) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၇၀၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၃၂၀၀၀၀ ၊ ယခင်လ ကျပ် ၃၁၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀၀ ၊ ယခင်လထက် ကျပ် ၄၃၀၀၀ နိမ့်ကျလာသည်။

ကုလားပဲဖြူလုံးကြီး(V-7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၃၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၃၂၀၀၀၀ ၊ ယခင်လ ကျပ် ၃၁၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၄၇၀၀၀ ၊ ယခင်လထက် ကျပ် ၄၂၀၀၀ နိမ့်ကျလာသည်။

ကုလားပဲ (ထိုင်ဝမ်) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၀၀၀၀  ၊ယခင်တစ်ပတ် ကျပ် ၂၈၀၀၀၀ ၊ယခင်လ ကျပ် ၂၈၅၀၀၀ ဖြစ်ခဲ့သည်။ ယခင် တစ်ပတ်ထက်ကျပ် ၂၀၀၀၀ ၊ယခင်လ ကျပ် ၂၅၀၀၀ နိမ့်ကျလာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်  ၂၆၂၀၀၀  ၊ ယခင်တစ်ပတ် ကျပ် ၂၈၈၀၀၀ မှ ၂၉၀၀၀၀ ၊ယခင်လ ကျပ် ၂၉၀၀၀၀ မှ ၂၉၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၆၀၀၀ မှ ၂၈၀၀၀ ၊ ယခင်လထက် ကျပ် ၂၈၀၀၀ မှ ၃၁၀၀၀ နိမ့်ကျလာသည်။

Category: Local News