Local News

မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် နှမ်းမျိုးစုံဈေးကွက် ဈေးအေးနေ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ နိုဝင်ဘာလ ဒုတိယပတ်အတွင်း နှမ်းမျိုးစုံဈေးကွက်ထဲ ဝင်ရောက် နေပြီး၊ အညာမြစ်ရိုးတစ်လျှောက် ကသာ နှင့် ဗန်းမော်ဘက်မှ နှမ်းအသစ်များ ဝင်ရောက်နေကြောင်း ၊ဈေးကွက်ထဲ တွင်နှမ်းအဝင်များနေပြီး၊ ပြည်ပဝယ်ယူမှုအေးခြင်း၊ အရောင်းအဝယ် အေးနေသည့် အတွက်  ဈေးဆက်တိုက် ကျဆင်းနေကြောင်း မန္တလေး ကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။

          နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၇၅၀၀၀ မှ ၃၃၅၀၀၀ ၊ ၊ယခင်တစ်ပတ်ကျပ် ၂၇၀၀၀၀ မှ ၃၃၅၀၀၀ ၊ ယခင်လကျပ်  ၂၉၅၀၀၀ မှ ၃၅၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ မြင့်တက်လာပြီး ၊ ယခင်လထက် ၂၀၀၀၀ နိမ့်ကျလာသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၁၀၀၀၀ မှ ၃၃၀၀၀၀ ၊ယခင်တစ်ပတ် ကျပ် ၃၂၅၀၀၀ မှ ၃၅၀၀၀၀၊ ယခင်လကျပ် ၃၆၅၀၀၀ မှ ၃၇၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ၊ ယခင်လထက်ကျပ် ၄၀၀၀၀ မှ ၅၅၀၀၀ နိမ့်ကျ လာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၄၀၀၀၀ မှ ၃၅၅၀၀၀ ၊ယခင်တစ်ပတ် ကျပ် ၃၅၅၀၀၀ မှ ၃၇၀၀၀၀၊ ယခင်လကျပ် ၃၈၀၀၀၀ မှ ၃၈၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀ ၊ ယခင်လထက်ကျပ် ၃၀၀၀၀ မှ ၄၀၀၀၀ နိမ့်ကျလာသည်။

          နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ၊ ယခင် တစ်ပတ်ကျပ် ၂၇၀၀၀၀ မှ ၂၇၅၀၀၀ ၊ ယခင်လကျပ် ၂၉၀၀၀၀ မှ ၂၉၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ နိမ့်ကျနေပြီး ၊ ယခင်လထက်ကျပ်  ၂၀၀၀၀ မှ ၃၀၀၀၀ နိမ့်ကျလာသည်။

Category: Local News