နိုဝင်ဘာလ ဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်းအဝယ် ဖြစ်လျှက်ရှိရာ ပဲကြီးမှာ ယခင်တစ်ပတ်က ဈေးမြင့်တက်ခဲ့သော်လည်း ယခုတစ်ပတ်တွင် ဈေးအေးလာကြောင်းသိရသည်။ လက်ကျန်နည်းလာပြီး ၊ပြည်ပတင်ပို့မှု နှင့် လက်ဖက် ၊ပဲကြော် လုပ်ငန်းသမားများမှ ဝယ်ယူမှုအေးသောကြောင့် ယခင်တစ်ပတ်ထက် ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ၅၀၀၀ မှ ၁၅၀၀၀ နိမ့်ကျလာသည်။
ပဲကြီး (ကြီး) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၉၀၀၀၀ မှ ၃၉၅၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၃၉၀၀၀၀ မှ ၄၀၀၀၀၀ ၊ ယခင်လကျပ် ၃၃၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၆၀၀၀၀ မှ ၆၅၀၀၀ မြင့်တက်လာသည်။
ပဲကြီး (လတ်) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၃၇၀၀၀၀ မှ ၃၈၅၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၃၈၀၀၀၀ မှ ၃၈၅၀၀၀ ၊ ယခင်လကျပ် ၃၁၅၀၀၀ မှ ၃၂၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ နိမ့်ကျလာပြီး ၊ ယခင်လထက် ကျပ် ၅၅၀၀၀ မှ ၆၅၀၀၀ မြင့်တက်လာသည်။
ပဲကြီး (သေး) ၅၆.၂၅ပိဿာဝင် သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၃၄၀၀၀၀ မှ ၃၅၅၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၃၄၀၀၀၀ မှ ၂၅၅၀၀၀ ၊ ယခင်လကျပ် ၃၀၀၀၀၀ မှ ၃၀၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀ ၊ ယခင်လထက်ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀ မြင့်တက်လာသည်။