Local News

မန္တလေးဈေးကွက်သို့ ထောပတ်ပဲ အသစ်များစတင်ဝင်ရောက်နေပြီး လက်လီဈေးကွက်တွင်ရောင်းဝယ်မှုရှိလာ

Last Updated:

ပြည်တွင်းနေ့စဉ်စားသုံးမှုတွင် စားတော်ပဲပြုတ်ပြီးလျှင် ထောပတ်ပဲပြုတ်သည်စားသုံးမှု အများဆုံးဖြစ်သည်။ ထောပတ်ပဲစတင်ထွက်ပေါ်သည့်အချိန်တွင် အစိုအတိုင်းစားသုံးခြင်း၊ ပဲကြော်၊ ပဲလှော်အဖြစ်အသုံးပြုခြင်းတို့ကြောင့် ထောပတ်ပဲသည် ဈေးကွက်ရှိသည့်ပဲတစ်မျိုးဖြစ်သည်။ ယခု လတ်တလောတွင် ထောပတ်ပဲအသစ်များစတင်ထွက်ပေါ်လာပြီဖြစ်၍ ထောပတ်ပဲအစိုနို့ဆီဗူး တစ်ဗူးလျှင် ကျပ် ၅၀၀ မှ ၆၀၀  ထိ ရောင်းဝယ်နေကြသည်။

          မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ထောပတ်ပဲကိုအရွယ်အစား အရည်အသွေးအလိုက် အကြီး၊ အလတ်၊ အသေးဟူ၍ ဈေးဖွင့်ရောင်းဝယ်နေကြသည်။ အလတ် အရွယ်အစားသည် ပြည်ပ ဈေးကွက်ရှိသည့်အခါတွင် ဈေးအမြင့်ဆုံးရလေ့ရှိသည်။ ကုန်စည်ဒိုင်ဈေးကွက်တွင် ထောပတ်ပဲ အခြောက် အသစ်များဝင်ရောက်မှုမရှိသေးပဲ လက်ကျန်ပဲများသာ အရောင်းအဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်ထက်ဈေးအေးနေကြောင်းသိရသည်။

ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်  ၄၁၀၀၀၀  မှ ၄၂၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၄၃၅၀၀၀ မှ ၄၅၀၀၀၀ ၊ ယခင်လကျပ် ၃၈၅၀၀၀ မှ ၃၉၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀ မြင့်တက်လာသည်။

ထောပတ်ပဲ(လတ်) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၈၀၀၀၀  မှ ၃၉၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၄၂၀၀၀၀ မှ ၄၃၀၀၀၀ ၊ ယခင်လကျပ် ၃၇၅၀၀၀ မှ ၃၈၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၄၀၀၀၀ နိမ့်ကျလာပြီး ၊ယခင်လကျပ် ၁၅၀၀၀ မြင့်တက်လာသည်။

ထောပတ်ပဲ(သေး) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်  ၃၅၀၀၀၀ မှ ၃၇၀၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၃၇၀၀၀၀ မှ ၃၈၀၀၀၀ ၊ ယခင်လကျပ် ၃၆၅၀၀၀ မှ ၃၇၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ ၊ ယခင်လထက်ကျပ်  ၁၅၀၀၀ နိမ့်ကျလာသည်။

Category: Local News