ပြောင်းသီးနှံမှာ ပြည်တွင်း/ပြည်ပ ဝယ်လိုအားများနေသဖြင့် ဈေးကောင်းရရှိနေပြီး ကြက်သွန်ဖြူသီးနှံမှာ ဈေးကွက်အဝင်နည်းနေသဖြင့် ဈေးနှုန်းမြှင့်တက်လာပြီး အခါကြီးရက်ကြီးများတွင် ဝယ်လိုအားကောင်းနေသောကြောင့် ကုန်စည်စီးဆင်းမှုများနေပါသည်။ အာလူးသီးနှံမှာဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းဒေသစုံမှ ဝယ်လိုအားများရှိနေ၍ ကုန်စည်စီးဆင်းမှုများနေပြီး ချင်းသီးနှံမှာ ဈေးငြိမ်နေသော်လည်း ပြည်တွင်းဈေးကွက် အသုံးများနေသောကြောင့် ကုန်စည်စီးဆင်းမှုများကောင်းနေပါကြောင်းနှင့် ယခုလတွင် ကုန်စိမ်းသီးနှံများမှာ ဈေးနှုန်းကျဆင်းလာသော်လည်း ကုန်စည်စီးဆင်းမှုမှာ ပြည်တွင်းဒေသစုံမှ အဝယ်ရှိနေကြောင်း လေ့လာသိရှိရပါသည်။
Source: အောင်ပန်းပွဲရုံများ Facebook Page