International News

7th Asian Monetary Policy Forum ကျင်းပ

Last Updated:

အာရှငွေကြေးမူဝါဒဖိုရမ် (7th Asian Monetary Policy Forum) ကို ၂၀၁၄ ခုနှစ်မှစ၍ စင်ကာပူ နိုင်ငံတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါသည်။ လက်ရှိ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် (၇) ကြိမ်မြောက်  အာရှငွေကြေးမူဝါဒဖိုရမ်ကို ၁၂.၆.၂၀၂၀ ရက်နေ့ (သောကြာနေ့)တွင် Online ပုံစံဖြင့် ကျင်းပ ပြုလုပ်လျက်ရှိပြီး၊ ဆွေးနွေးပွဲအတွက် Speaker များက ကြိုတင်ရိုက်ကူးပေးပို့ထားသော ဗွီဒီယိုဖိုင်များအား ဖိုရမ်ဝက်ဆိုက်ဒ်တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်သော အစီအစဉ်ဖြင့် ကျင်းပြလျက်ရှိပါသည်။

အဆိုပါဖိုရမ်တွင် ဆွေးနွေးမှုအစီအစဉ်များအား http://www.abfer.org/events/abfer-events/asian-monetary-policy-Forum/187:e-ampf2020 တွင်ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ မေးခွန်းမေးမြန်းမှုနှင့် မှတ်ချက်ပေးမှုများကိုလည်း Online မှတဆင့် ၁၃-၆-၂၀၂၀ ရက်နေ့တွင် စင်ကာပူအချိန် ၁၇ ၀၀ နာရီအထိ ပြုလုပ်နိုင်ပါကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

Category: International News