Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲလွန်းဖြူနှင့် ပဲလွန်းပြာများ ပြည်ပအဝယ်လိုက်၍ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ ဖေဖော်ဝါရီလ ပထမပတ်အတွင်း မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊  စစ်ကိုင်း နယ်များမှ ပဲလွန်းဖြူနှင့် ပဲလွန်းပြာမျာ ဝင်ရောက်လျှက်ရှိပြီး အရောင်းအဝယ် သွက်နေကြောင်း၊ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့မှုရှိနေသောကြောင့် ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲလွန်းဖြူ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၂၀၀၀၀ မှ၂၃၀၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၂၀၅၀၀၀ မှ ၂၁၀၀၀၀ ၊ ယခင်လကျပ် ၁၈၅၀၀၀ မှ ၁၉၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ၊ ယခင်လထက် ကျပ် ၃၅၀၀၀ မြင့်တက်လာသည်။

ပဲလွန်းပြာ ၅၄.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၂၀၀၀၀ မှ ၂၂၅၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၂၁၀၀၀၀ မှ ၂၁၅၀၀၀ ၊ ယခင်လကျပ် ၂၀၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ ၊ ယခင်လထက်ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ မြင့်တက်လာသည်

Category: Local News