Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲပုပ်အရောင်းသွက်၍ ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ရေဦးဘက်မှထွက်ရှိသည့် ပဲပုပ်(ဗမာ) များ ဝင်ရောက်လျှက်ရှိပြီး အရောင်းအဝယ် သွက်နေကြောင်း၊ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လက်များမှလည်း အနည်းငယ်ဝယ်ယူမှု ရှိသောကြောင့် ယခင်လထက်ဈေးမြင့် လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲပုပ် (ဗမာ) ၅၃.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၈၀၀၀၀ မှ ၂၀၀၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၂၀၀၀၀၀ ၊ ယခင်လကျပ် ၁၉၀၀၀၀ မှ ၁၉၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ မြင့်တက်လာသည်။

ပဲပုပ် (ရှမ်း) ၅၃.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၇၀၀၀၀ မှ ၁၇၅၀၀၀ ၊ ယခင်တစ်ပတ်ကျပ် ၁၇၀၀၀၀ မှ ၁၇၅၀၀၀ ၊ ယခင်လကျပ် ၁၆၇၀၀၀ မှ ၁၇၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး ၊ ယခင်လထက်ကျပ် ၃၀၀၀ မှ ၅၀၀၀ မြင့်တက်လာသည်။

Category: Local News