International News

Brent ရေနံစိမ်းဈေးကျဆင်းမှုကြောင့် ပြည်တွင်းရေနံကုမ္ပဏီများကို ထိခိုက်စေပြီး ဩစတြေးလျငွေတန်ဖိုးကျဆင်းသွားခြင်း

Last Updated:

Brent ရေနံစိမ်းစျေးနှုန်းသည် ရက်သတ္တပတ်များစွာကြာအောင် ရောင်းဝယ်ဖောက်ကားမှုမှ ကျဆင်းလာသောကြောင့် သြစတြေးလျ ရေနံထုတ်လုပ်သူများနှင့် ပြည်တွင်းသုံးငွေများကို ထိခိုက်မှုဖြစ်ပွားလျက်ရှိသည်။ ASX 200 သည် ၁၅-၃-၂၀၂၂ ရက်နေ့တွင် ၀.၇ % အရှုံးဖြင့် အရောင်းအ၀ယ်ပြုလုပ်ခဲ့ပြီး၊ နောက်ဆုံးတွင် ၇,၀၉၈ မှတ်ဖြင့် ပိတ်သွားခဲ့သည်။ ကြီးကြီးမားမား အရှုံးပေါ်သူများထဲတွင် Champion နှင့် Chalice သတ္တုတွင်းတို့ ပါဝင်ပြီး၊ နှစ်ဦးစလုံးမှာ ၁၀ % ခန့် ဆုံးရှုံးမှုရှိကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင် Uniti Group သည် ဝယ်ယူရန်ဆွေးနွေးမှုများ ပြုလုပ်နေသည့် အစီရင်ခံစာများပေါ်တွင် ၂၇% အမြတ်ရရှိခဲ့ သည်။ Beach Energy နှင့် BHP အပါအဝင်အခြား ကုမ္ပဏီများမှာ ၅% ဆုံးရှုံးခဲ့ရပြီး၊ ၎င်းတို့နှစ်ဦးစလုံးသည် ရေနံထုတ်လုပ်မှုတွင် အကျိုးတူစီးပွားများရှိနေသည်။ ၁၅-၃-၂၀၂၂ ရက်နေ့၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် Brent ရေနံစိမ်းသည် တစ်စည်လျှင်အမေရိကန် ဒေါ်လာ ၁၀၆ ဝန်းကျင်အထိ ကျဆင်းသွားသဖြင့် ရေနံဈေးနှုန်းသည် တစ်ညလုံး စျေးကျသွားခြင်းဖြစ်သည်။

ယူကရိန်းနှင့် ရုရှား စစ်ရေးပဋိပက္ခကြောင့် သီတင်းပတ်များအကြာ ရေနံဈေးတက်နေခဲ့ပြီး၊ ရုရှားသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ကုန် ပစ္စည်းထုတ်လုပ်သူဖြစ်ရာ အဆိုပါ ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုမှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။ ယခုမူရေနံဈေးနှုန်း မှာ ရုရှား- ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးမှုကြောင့် ရက်ပိုင်းအတွင်း သဘောတူညီချက်မူကြမ်းများ အကောင်အထည်ဖော်နိုင်မည် ဟု နှစ်ဖက်ကိုယ်စားလှယ်အချို့၏ ပြောဆိုမှုများနှင့်အတူ ရေနံဈေးနှုန်းအမြင့်မှ ကျဆင်းခဲ့သည်။ လောင်စာဆီဈေးနှုန်းများ မြင့်တက် လာခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများသည် စတော့စျေးကွက်ကို ဆက်လက်မတည်မငြိမ်ဖြစ်စေလိမ့်မည်ဖြစ် ကြောင်း သုတေသနပညာရှင်များက ခန့်မှန်းထားသည်။

ဩစတေးလျ ရေနံအဖွဲ့အစည်း၏ အချက်အလက်များအရ ယခုအခါ နိုင်ငံတွင်း ပျမ်းမျှဈေးမှာ 92 နှင့် 98 အောက်တိန်း ဓာတ်ဆီ တစ်လီတာ၏ ပျမ်းမျှစျေးနှုန်းမှာ ဩစတြေးလျဒေါ်လာ ၁၉၇.၆ ဆင့်ဖြင့် စံချိန်တင်မြင့်မားနေကြောင်း သိရှိရသည်။ ဩစတြေးလျ တောင်ပိုင်း၊ အနောက်သြစတြေးလျ၊ မြောက်ပိုင်းနယ်မြေနှင့် တက်စမေးနီးယားတို့တွင် ပျမ်းမျှနှုန်းသည် တစ်လီတာလျှင် ၂ ဒေါ်လာ အထက်သို့ ရောက်ရှိနေကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News