International News

CPF ကုမ္ပဏီအနေဖြင့်ဆော်ဒီအာရေဗျသို့ပထမဉီးဆုံးအကြိမ်အဖြစ်ကြက်သားတင်ပို့ခြင်း

Last Updated:

ဆော်ဒီအာရေဗျ အစားအစာနှင့် ဆေးဝါးအာဏာပိုင်များထံမှ သဘောတူညီမှုရရှိခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်နောက်ပိုင်း ဆော်ဒီ အာရေဗျသို့ ကြက်သားထုတ်ကုန်များကို Charoen Pokphand Foods (CPF) မှ ပထမဉီးဆုံးအကြိမ်အဖြစ် တင်ပို့ခဲ့ကြောင်း၊ ဆော်ဒီအာရေဗျက ထိုင်းကြက်သားနှင့် ကြက်ဉတင်ပို့မှုအပေါ် (၁၈) နှစ်ကြာ ပိတ်ပင်ထားခဲ့မှုကို ရုတ်သိမ်းခဲ့ပြီးနောက် နှစ်ပတ် အကြာတွင် အဆိုပါ သမိုင်းဝင်တင်ပို့မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် နှစ်ပေါင်းများစွာကြိုးပမ်းခဲ့ပြီး နောက်ထိုင်းနိုင်ငံ၏ ကြက်သားလုပ်ငန်းသည် အရှေ့အလယ်ပိုင်းတွင် သိသာထင်ရှားသော တိုးတက်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီးမစ္စတာဂျူရင်က (၁၈-၃-၂၀၂၂) ရက်နေ့တွင် CPF ၏ မင်ဘူရီကြက်သားပြုပြင်ထုတ်လုပ်ရေးစက်ရုံ (၂) တွင် ဖွင့်လှစ် ခဲ့သည့် ဆော်ဒီအာရေဗျသို့ ထိုင်းကြက်သားများ ပထမဉီးဆုံးအကြိမ် သင်္ဘောတင်ပို့ခြင်းအခမ်းအနားတွင် ဉက္ကဌအဖြစ်ဆောင်ရွက် စဉ် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံသို့ ကြက်သားတန်ချိန် (၁၀,၀၀၀) တင်ပို့ရန် ရည်မှန်းထားကြောင်း၊ ထိုင်း နိုင်ငံအနေဖြင့် ပြည်ပသို့ အသားစားကြက် (၉၈၀,၀၀၀) တန်ချိန်တင်ပို့လိမ့်မည်ဖြစ်ကြောင်း၊ ၎င်းမှာ ယခင်နှစ်ကထက် (၇%) တိုးတက်လိမ့်မည်ဖြစ်ကြောင်းနှင့် တန်ဖိုးအားဖြင့် ဘတ်ငွေ (၁၀၀) ဘီလီယံကျော်ရှိကြောင်း သိရှိရပါသည်။

ဆော်ဒီအာရေဗျနိုင်ငံသည် အရှေ့အလယ်ပိုင်းတွင် ကြီးမားသော ဈေးကွက်ကြီးဖြစ်ပြီး အရေးကြီးသော ဈေးကွက်ဖြစ်ကြောင်း၊ အထူးသဖြင့် ဟာလာထုတ်ကုန်များအတွက်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍများနှင့် ပူးပေါင်း၍ ပြုပြင်ထားသော အစားအစာများ၊ သစ်သီးဝလံများနှင့် မော်တော်ကားထုတ်ကုန် များကို ဆော်ဒီအာရေဗျနိုင်ငံသို့ မေလအလယ် (သို့မဟုတ်) ဇွန်လတွင် တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါ သည်။

CPF ၏ အမှုဆောင်အရာရှိချုပ် Prasit Boondoungprasert ၏ပြောကြားချက်အရ ၎င်း၏ကုမ္ပဏီအနေဖြင့် ဘတ်ငွေ (၄၇) သန်း တန်ဖိုးရှိ ကြက်သားထုတ်ကုန် တန်ချိန် (၆၀၀) ကို ဆော်ဒီအာရေဗျနိုင်ငံသို့ ယခုလအတွင်းတင်ပို့လိမ့်မည်ဖြစ်ကြောင်း သိရှိရပါ သည်။ ကုမ္ပဏီအနေဖြင့် စုစုပေါင်းကြက်သားထုတ်ကုန်တန်ချိန် (၆,၀၀၀) ကို တင်ပို့လိမ့်မည်ဖြစ်ကြောင်း၊ စုစုပေါင်း ပြည်ပပို့ကုန် တန်ဖိုးအနေဖြင့် ဘတ်ငွေ (၄၇၃) သန်းဖြစ်ကြောင်း၊ နောက်ထပ် (၅) နှစ်အတွင်း ဘတ်ငွေ (၄.၂) ဘီလီယံ တန်ဖိုးရှိ ကြက်သား ထုတ်ကုန်တန်ချိန် (၆၀,၀၀၀) ကို တင်ပို့သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

လူဉီးရေ (၃၆.၅) သန်းရှိသည့် ဆော်ဒီအာရေဗျနိုင်ငံသည် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ နိုင်ငံများအနက် အစားအစာတင်သွင်းမှု အမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။ အရှေ့အလယ်ပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံသည် ထိုင်းနိုင်ငံမှ ကြက်သားတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်လာလိမ့်မည်ဖြစ်ကြောင်း၊ ထိုင်းအသားစားမွေးမြူရေးလုပ်ငန်းသည် နိုင်ငံ အတွင်း ဈေးကွက်ဝေစု (၁၀%-၁၅%) အထိ ရရှိရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။

ယခုနှစ်အတွင်း ကုမ္ပဏီ၏ စုစုပေါင်းကြက်သားတင်ပို့မှုသည် တန်ချိန် (၂၀၀,၀၀၀) ရှိလိမ့်မည်ဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် ဘတ်ငွေ (၂၀) ဘီလီယံဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံသည် အကြီးမားဆုံးပို့ကုန်ဈေးကွက်ဖြစ်ကြောင်းနှင့် ၎င်းနောက်တွင် ဂျပန်နှင့် ဂျာမနီတို့ရှိကြောင်း သိရှိရပါသည်။ CPF အနေဖြင့် ယခုနှစ်အတွက် ဝင်ငွေအနည်းဆုံး (၁၀%) တိုးတက်လိမ့်မည်ဟု မျှော်မှန်းထား ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဘတ်ငွေ (၅၂၀) ဘီလီယံရရှိခဲ့ကြောင်း သိရှိရပါသည်။

တိရစ္ဆာန်အစာလုပ်ငန်းသည် ဝင်ငွေ (၅၀%) တိုးတက်လိမ့်မည်ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းမှ (၃၀%) နှင့် ကျန်ရှိသည်များမှာ အစားအစာလုပ်ငန်းတို့မှ ရရှိလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ တိုးတက်မှုသည် ကမ္ဘာ့ဝယ်လိုအားတိုးတက်မှုကြောင့် ဖြစ် ကြောင်း၊ အထူးသဖြင့် ဉရောပ၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်းဒေသများတွင် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုကုန်ကျစရိတ် သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးကြောင်း သိရှိရပါသည်။

CPF ၏ ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက် အသုံးစရိတ်သည် ယခုနှစ်တွင် ဘတ်ငွေ (၂၅) ဘီလီယံရှိပြီး ထုတ်လုပ်မှုနှင့် စွမ်းဆောင်ရည်တိုး တက်စေရန် စက်ပစ္စည်းကရိယာများ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းအပေါ် အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

 

Category: International News