ဈေးကွက်ဈေးနှုန်း

မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်အား FAO-VGGT Learning Programme မှလာရောက်တွေ့ဆုံ

Last Updated:

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လည် ၁၄၀၀ နာရီချိန်တွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါတို့အား FAO မှ Senior Land Tenure Officer, Ms. Louisa J.M. Jansen နှင့် Programme Officer ဒေါ်လဲ့လဲ့ဝင်းတို့မှ လာရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် VGGT Learning Programme အစီအစဉ်အရ ဆောင်ရွက်မည့် Online သင်တန်းအစီအစဉ်များတွင် ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်နိုင်ရန်အတွက် အမည်စာရင်း ပေးပို့နိုင်ရန်နှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပမည့် အစီအစဉ်တို့ကို  ဆွေးနွေးခဲ့ကြပါသည်။