ဈေးကွက်ဈေးနှုန်း

MSMEs လုပ်ငန်းများအတွက် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်သော Global Trade Helpdesk ကို အသုံးပြုနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်

Last Updated:

MSMEs လုပ်ငန်းများအတွက် စျေးကွက်သစ် အခွင့်အလမ်းများနှင့် ကုန်သွယ်မှုအချက် အလက်များ ရရှိခြင်းတို့တွင် အထောက်အကူဖြစ်စေရန် Digital Tool တစ်ခုဖြစ်သည့် Global Trade Helpdesk ကို အဆင့်မြင့်တင်သည့်ကိစ္စရပ်နှင့် ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ ၊ UNCTAD နှင်  ITC တို့ဉီးဆောင်၍ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

Global Trade Helpdesk သည် ၂၀၁၇ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၁၁ ကြိမ်မြောက် ဝန်ကြီးများအဆင့် ညီလာခံတွင် စတင်ထုတ်ပြန်ခဲ့သည့် online platform တစ်ခုဖြစ်ပြီး အဆိုပါ platform  တွင် အလားလာရှိသည့် စျေးကွက်များ၏ ကုန်သွယ်မှုနှင့် သက်ဆိုင်သော လိုအပ်သည့် သတင်းအချက်အလက်များ၊ ကုန်သွယ်မှုဆိုင်ရာ စာရင်းအင်းအချက်အလက်များ၊ အကောက်ခွန်နှုန်းထားများ၊ ကုန်တင်ပို့မှုဆိုင်ရာစိစစ်ချက်များနှင့် စည်းမျဉ်းများဆိုင်ရာ လိုအပ်သည့် အချက်အလက်များကို ရရှိနိုင်ပါသည်။

MSMEs လုပ်ငန်းများအတွက် အထောက်အကူ ပိုမိုဖြစ်စေရန် ရည်ရွယ်၍ အဆိုပါ platform  တွင် ထပ်မံအဆင့်မြှင့်တင်မှုများအနေဖြင့် ကုန်တင်ပို့/တင်သွင်းမှု၊ တဆင့်ဖြတ်သန်း ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ ( import, export  and  transit  trade  procedures )၊ စီးပွားရေးဆိုင်ရာ လမ်းညွှန်ချက်အသစ်များ၊ မူပိုင်ခွင့် ကာကွယ်ရေးဆိုင်ရာ ကူညီပေးသည့် အရင်းအမြစ်များ၊ MSMEs လုပ်ငန်းများ၏ ကုန်သွယ်မှုနှင့် စျေးကွက်ရှာဖွေရာတွင် ကူညီပေးသည့် အွန်လိုင်းအရင်းအမြစ်များ၊      COVID-19 ကပ်ရောဂါနှင့် ပတ်သက်၍ ယာယီကုန်သွယ်မှု ကန့်သတ်ချက်ဆိုင်ရာ သတင်းအချက်အလက်များလည်း ရရှိနိုင်ပြီး အဆိုပါသတင်းအချက်များကို အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ စပိန်ဘာသာ၊ အာရပ်ဘာသာနှင့် ရုရှားဘာသာများဖြင့် ရရှိနိုင်ပါကြောင်း ဖော်ပြထားပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှ MSMEs လုပ်ငန်းများအတွက် Global Trade Helpdesk  (www.globaltradehelpdesk.org) ကို အသုံးပြု၍ ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းများ ပိုမိုတိုးတက် ရရှိစေနိုင်ရေး ဝင်ရောက်ကြည့်ရှု လေ့လာအသုံးပြုနိုင်ကြောင်း သိရပါသည်။

                                                                                                                                    TIR