ဇွန်လတတိယပတ်တွင် ကြက်သွန်နီဈေးကွက်အခြေအနေမှာ ပြည်ပတင်ပို့မှုအေးနေပြီး ပြည်တွင်းဈေးကွက်မှာလည်း အရောင်းအဝယ်အေး ဈေးအေးနေကြောင်းသိရသည်။
မန္တလေးဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် လက်ကားဈေး တစ်ပိဿာလျှင် အနိမ့်စ ၁၄၀၀ကျပ် မှ အမြင့်စ ၁၈၀၀ကျပ် ၊ ယခင်တစ်ပတ် အနိမ့်စ ၁၀၀၀ ကျပ် မှ အမြင့်စ ၁၅၀၀ ကျပ်၊ ယခင်လ အနိမ့်စ ၁၄၀၀ မှ ၁၈၀၀ ကျပ်ဖြစ်သည်။
ကျောက်ဆည်ဈေးကွက်တွင် ကြက်သွန်နီ တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ် လက်ကား ဈေး ၁၃၀၀ ကျပ်မှ ၁၇၀၀ကျပ်၊ လက်လီဈေး ၁၄၀၀ ကျပ် မှ ၁၈၀၀ ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်နေသည်။
မြင်းခြံဈေးကွက်သို့ ယခုတစ်ပတ်အတွင်း ကြက်သွန်သွန်နီ ကုန်ချိန်ပိဿာ ၅၀၀၀၀ မှ ၈၀၀၀၀ ခန့် ဝင်ရောက်ရောင်းဝယ်မှုရှိပြီး၊ လက်ကားဈေးအနိမ့်စ ၅၀၀ ကျပ်မှ အမြင့်စ ၁၃၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။