စက်တင်ဘာလစတုတ္ထပတ်တွင်ပို့ကုန်ပဲများဖြစ်သည့်ပဲစင်းငုံ၊ပဲတီစိမ်းနှင့် မတ်ပဲဈေးကွက်အခြေအနေမှာအရောင်းအဝယ်အေးဈေးနိမ့်ကျလာကြောင်းသိရသည်။
ပဲတီစိမ်း၅၆.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၈၀၀၀၀မှ ၃၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၈၀၀၀၀မှ ၃၃၀၀၀၀၊ ယခင်လ ကျပ် ၂၇၀၀၀၀မှ ၃၀၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း အနိမ့်စဈေးငြိမ်နေပြီး၊ အမြင့်စ ၁၀၀၀၀ကျပ်၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၃၅၀၀၀ ခန့်ဈေးမြင့်လာသည်။
ပဲစင်းငုံ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ၂၂၃၀၀၀ ကျပ်၊ ယခင် တစ်ပတ်ကျပ် ၂၂၇၀၀၀မှ ၂၂၈၀၀၀၊ ယခင်လကျပ် ၂၃၅၀၀၀မှ ၂၃၆၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက်ကျပ် ၄၀၀၀ မှ ၅၀၀၀၊ ယခင်လထက် ကျပ် ၁၂၀၀၀မှ ၁၃၀၀၀ ခန့် ဈေးနိမ့်လာသည်။
မတ်ပဲ(ကျောက်ရစ်)၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၆၀၀၀၀မှ ၂၇၀၀၀၀၊ ယခင်တစ်ပတ် ၂၆၅၀၀၀ကျပ်၊ ယခင်လ ၂၇၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်အနိမ့်စ ၅၀၀၀ ကျပ် ဈေးနိမ့်ကျလာပြီး၊ အမြင့်စ ၅၀၀၀ ကျပ် ဈေးမြင့်လာကာ၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၁၅၀၀၀ ခန့်ဈေးနိမ့်ကျလာသည်။
မတ်ပဲ(ရိုးရိုး) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်နှင့် ယခင်တစ်ပတ် ကျပ် ၁၇၀၀၀၀မှ ၂၄၀၀၀၀၊ ယခင်လ ကျပ် ၁၆၀၀၀၀မှ ၂၀၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၄၀၀၀၀ခန့်ဈေးမြင့်တက်လာသည်။