မန္တလေးကုန်စည်ဒိုင်တွင်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာပဲကြား၊ပဲနီပြား၊ပဲဇီးကွက်နှင့်စွန်တာပြာများလည်းအရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်းသိရသည်။
စက်တင်ဘာလ ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ပဲကြား၊ ပဲနီပြား၊ ပဲဇီးကွက်နှင့် စွန်တာပြာ ဈေးနှုန်းများမှာ-
ပဲကြား ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၈၀၀၀၀မှ ၂၈၅၀၀၀ ၊ ယခင်တစ်ပတ် ၂၇၀၀၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀ မှ ၁၅၀၀၀ခန့် ဈေးမြင့်တက်လာပြီး၊ ယခင်လတွင် ဈေးကွက်မရှိခြင်းဖြစ်သည်။
ပဲနီပြား(တံတားဦး) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၄၀၀၀၀၀ ကျပ် ဖြစ်ပြီး၊ ယခင်တစ်ပတ်နှင့် ယခင်လအတိုင်းဈေးငြိမ်နေပါသည်။
ပဲနီပြား(ကျွန်း) ၅၅.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ၅၀၀၀၀၀ ကျပ်၊ ယခင်တစ်ပတ်နှင့် ယခင်လတွင် ကျပ် ၄၇၀၀၀၀ မှ ၄၈၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် နှင့် ယခင်လထက် ကျပ် ၂၀၀၀၀မှ ၃၀၀၀၀ ဈေးမြင့်တက်လာသည်။
ပဲဇီးကွက် ၅၈.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၁၀၀၀၀ မှ ၃၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၉၀၀၀၀ မှ ၃၁၀၀၀၀၊ ယခင်လ ကျပ် ၂၈၀၀၀၀မှ ၂၈၅၀၀၀ ဖြစ် သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၀မှ ၂၀၀၀၀ ၊ ယခင်လထက် ကျပ် ၃၀၀၀၀မှ ၃၅၀၀၀ ခန့်ဈေးမြင့်တက်လာသည်။
စွန်တာပြာ(ကသဲ) ၅၈.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်နှင့် ယခင် တစ်ပတ်တွင် ကျပ် ၂၉၀၀၀၀မှ ၃၀၀၀၀၀၊ ယခင်လ ကျပ် ၂၈၀၀၀၀မှ ၃၀၀၀၀၀ဖြစ်သည်။ ယခင် တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် အနိမ့်စ ၁၀၀၀၀ကျပ် ဈေးမြင့်တက်လာသည်။
စွန်တာပြာ(ရိုးရိုး) ၅၈.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် နှင့် ယခင် တစ်ပတ်တွင် ကျပ် ၂၇၀၀၀၀မှ ၂၇၅၀၀၀၊ ယခင်လ ကျပ် ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ၅၀၀၀ ကျပ်ခန့် ဈေးမြင့်တက်လာပါသည်။