Local News

မန္တလေးကုန်စည်ဒိုင်တွင်ပဲကြီးဈေးဆက်တိုက်မြင့်တက်လာ

Last Updated:

အောက်တိုဘာလဒုတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်တွင်ထောပတ်ပဲများဆက်တိုက်ဈေးမြင့်တက်လာသည်။မိုးပဲအဝင်နည်းသေးခြင်း၊ဆောင်းပဲစိုက်ရန်ပြင်ဆင်ခြင်း၊လက်ကျန်နည်းခြင်း၊လက်ဖက်ပဲကြော်လုပ်ငန်းသမားများမှ အဝယ်သွက်လာသောကြောင့်ဈေးမြင့်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲကြီး(ကြီး)၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၃၂၀၀၀၀မှ၃၃၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၂၀၀၀၀မှ၃၁၀၀၀၀၊ယခင်လကျပ်၃၁၀၀၀၀မှ၃၂၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်၊ယခင်လထက်ကျပ်၁၀၀၀၀ မြင့်တက်လာသည်။

ပဲကြီး(လတ်)၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၃၂၀၀၀၀မှ၃၁၀၀၀၀၊ယခင်တစ်ပတ်ကျပ်၂၉၅၀၀၀မှ၃၀၀၀၀၀၊ယခင်လကျပ်၃၀၀၀၀၀မှ၃၀၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀၀မှ၂၀၀၀၀၊ ယခင်လထက်ကျပ်၅၀၀၀မှ၂၀၀၀၀မြင့်တက်လာသည်။

ပဲကြီး(သေး)၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၃၀၀၀၀၀မှ၃၀၅၀၀၀၊ယခင်တစ်ပတ်ကျပ်၂၈၀၀၀၀မှ၂၈၅၀၀၀၊ယခင်လကျပ်၂၉၀၀၀၀မှ၂၉၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀၀၊ယခင်လထက်ကျပ် ၁၀၀၀၀မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News