Local News

မန္တလေးကုန်စည်ဒိုင်တွင်စားတော်ပဲဈေးနှုန်းအနည်းငယ်မြင့်တက်လာ

Last Updated:

အောက်တိုဘာလဒုတိယပတ်အတွင်းမန္တလေးကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင်စားတော်ပဲများမှာယခင်တစ်ပတ်ကဈေးအေးနေရာမှယခုတစ်ပတ်တွင်ဈေးအနည်းငယ်မြင့်တက်လာသည်။စားတော်ပဲကိုပြည်ပကနေလည်းတင်သွင်း နေတာဖြစ်ပြီး၊ပြည်တွင်းစားတော်ပဲတွေကလက်ကျန်နည်း၍ဝယ်ယူမှုရှိသောကြောင့်ဈေးမြင့်လာကြောင်းမန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

စားတော်ပဲ(ကနေဒါ)၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၂၁၇၀၀၀မှ၂၁၈၀၀၀၊ယခင်တစ်ပတ်ကျပ်၂၁၃၀၀၀မှ၂၁၅၀၀၀၊ယခင်လကျပ်၂၁၂၀၀၀မှ၂၁၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၃၀၀၀မှ၄၀၀၀၊ ယခင်လထက်ကျပ်၃၀၀မှ၅၀၀၀မြင့်တက်လာသည်။

စားတော်ပဲ(ကျွန်း)၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၃၆၀၀၀၀မှ၃၈၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၀၀၀၀၀မှ၃၆၀၀၀၀၊ယခင်လကျပ်၃၇၀၀၀၀မှ၃၉၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀၀မှ၆၀၀၀၀၊ ယခင်လထက်ကျပ်၁၀၀၀၀နိမ့်ကျလာသည်။    

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News