Local News

မန္တလေးကုန်စည်ဒိုင် ပို့ကုန်ပဲများ ဈေးဆက်တိုက်မြင့်တက်လာ

Last Updated:

ဇန္နဝါရီလနောက်ဆုံးအပတ်မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်ပို့ကုန်ပဲများအရောင်းအဝယ်သွက်လာပြီးဈေးမြင့်လာကြောင်း၊မတ်ပဲနှင့်ပဲစင်းငုံ(နီ)မှာအိန္နိယနိုင်ငံမှဝယ်လိုအားရှိနေပြီး၊ပဲတီစိမ်းမှာအရည်အသွေးကောင်းလျှင်ကောင်းသလောက် ဈေးကောင်းရနေပြီးတရုတ်ဝယ်လက်မှဝယ်ယူနေသောကြောင့်ဈေးမြင့်လာကြောင်းသိရသည်။

မတ်ပဲ၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၂၈၁၀၀၀မှ၂၄၀၀၀၀၊ယခင်တစ်ပတ်ကျပ်၂၈၁၀၀၀မှ၂၁၅၀၀၀၊ယခင်လကျပ်၂၄၀၀၀၀မှ၂၁၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၂၅၀၀၀၊ယခင်လထက်ကျပ်၃၀၀၀၀မှ ၄၁၀၀၀မြင့်တက်လာသည်။

ပဲစင်းငုံ(နီ)၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၃၈၀၀၀၀မှ၊ယခင်တစ်ပတ်ကျပ်၃၉၀၀၀၀၊ယခင်လကျပ်၃၇၅၀၀၀မှ၃၈၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၀နိမ့်ကျလာပြီး၊ယခင်လထက်ကျပ်၅၀၀၀မြင့်တက်လာသည်။

ပဲတီစိမ်း(အညာ)၆၀ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၁၄၅၀၀၀မှ၁၈၀၀၀၀၊ယခင်တစ်ပတ်ကျပ်၁၄၀၀၀၀မှ၁၈၀၀၀၀၊ယခင်လကျပ်၁၂၅၀၀၀မှ၁၅၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၅၀၀၀၊ယခင်လထက်ကျပ် ၂၀၀၀၀မှ၃၀၀၀၀ မြင့်တက်လာသည်။

မြေထောက်ပဲ၅၄ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၃၄၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၂၀၀၀၀မှ၃၄၀၀၀၀၊ယခင်လကျပ်၃၀၀၀၀၀မှ၃၃၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀၀၊ယခင်လထက်ကျပ်၁၀၀၀၀မှ ၄၀၀၀၀မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News