Local News

မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် နှမ်းမျိုးစုံဈေးကွက် ဈေးမြင့်လာ

Last Updated:

ဇန်နဝါရီလနောက်ဆုံးပတ်အတွင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင်နှမ်းဝင်ရောက်မှုနည်းသော်လည်းတရုတ်ဝယ်လက်မှအဝယ်သွက်လာသောကြောင့်နှမ်းမျိုးစုံဈေးကောင်းရနေပြီးဈေးမြင့်လာသည်။နှမ်းအမျိုးအစားအလိုက်နှင့်အရည်အသွေးအပေါ်မူတည်၍၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခင်တစ်ပတ်ထက်အနိမ့်ဆုံးကျပ်၁၀၀၀၀မှအမြင့်ဆုံး၇၀၀၀၀ထိမြင့်တက်လာကြောင်းမန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

နှမ်းနက်(စမုံ)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၆၅၀၀၀မှ၄၃၀၀၀၀ယခင်တစ်ပတ်ကျပ်၃၅၀၀၀၀မှ၃၉၅၀၀၀၊ယခင်လကျပ်၃၁၀၀၀၀မှ၃၆၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀၀မှ၃၅၀၀၀၊ယခင်လထက် ၅၅၀၀၀မှ၇၀၀၀၀မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၆၀၀၀၀မှ၄၀၅၀၀၀၊ယခင်တစ်ပတ်ကျပ်၃၄၅၀၀၀မှ၃၇၀၀၀၀၊ယခင်လကျပ်၃၂၀၀၀၀မှ၃၅၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀၀မှ၃၅၀၀၀၊ယခင်လထက်ကျပ် ၄၀၀၀၀မှ၅၀၀၀၀မြင့်တက်လာသည်။

နှမ်းဖြူ(ဂျပန်)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၄၁၀၀၀၀မှ၄၂၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၉၅၀၀၀မှ၄၀၀၀၀၀၊ယခင်လကျပ်၃၆၅၀၀၀မှ၃၇၀၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀၀မှ၂၀၀၀၀၊ယခင်လထက်ကျပ် ၄၅၀၀၀မှ၅၀၀၀၀မြင့်တက်လာသည်။

နှမ်းညို၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၃၁၇၀၀၀မှ၃၂၀၀၀၀၊ယခင်တစ်ပတ်ကျပ်၃၀၅၀၀၀မှ၃၁၀၀၀၀၊ယခင်လကျပ်၂၇၀၀၀၀မှ၂၇၅၀၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၀မှ၁၂၀၀၀၊ယခင်လထက်ကျပ် ၄၅၀၀၀မှ၄၇၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီမှူးရုံး

Category: Local News